Connect with us

Asia

မြောက်ကိုးရီးယား နိုင်ငံ က ဒုံးကျည် ၄ စင်း ပစ်လွှတ် ခဲ့ကြောင်း တောင်ကိုးရီးယား စစ်ဘက်ဆိုင်ရာ ပြောကြား

မြောက်ကိုးရီးယား နိုင်ငံ မှ ဒုံးကျည် အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ဆိုးလ် ၊ မတ် ၆ ရက် (ဆင်ဟွာ)

မြောက်ကိုးရီးယား နိုင်ငံ သည် မတ်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် Pyongan ပြည်နယ်မြောက်ပိုင်းဒေသ မှ ကိုးရီးယား ကျွန်းဆွယ် အရှေ့ပိုင်း ပင်လယ်ပြင် သို့ ဒုံးကျည် ၄ စင်း ပစ်လွှတ် ခဲ့ကြောင်း တောင်ကိုးရီးယား နိုင်ငံ စစ်ဘက်ဆိုင်ရာ ပူးပေါင်း ညွှန်ကြားရေး ဌာန က ယနေ့နံနက်အစောပိုင်းတွင် ထုတ်ပြန် ကြေညာ ခဲ့သည်။

စစ်ဘက်ဆိုင်ရာ ပူးပေါင်း ညွှန်ကြားရေး ဌာန ဌာနမှူး က သတင်းစာ ရှင်းလင်းပွဲတွင် မြောက်ကိုးရီးယား နိုင်ငံ သည် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၃၆ မိနစ် အချိန်၌ ဒုံးကျည် ၄ စင်း ကိုပစ်လွှတ်ခဲ့ပြီး ထိုဒုံးကျည် များသည် ၁၀၀၀ ကီလိုမီတာ အကွာအဝေး ထိ ပစ်ခတ် ခဲ့ကာ မြေပြင် မှ အမြင့် ၂၆၀ ကီလိုမီတာ ထိရောက်ရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။

တောင်ကိုးရီးယား နိုင်ငံ လေ့လာရေး သမားများက မြောက်ကိုးရီးယား နိုင်ငံ ၏ ဒုံးကျည် ပစ်လွှတ်ခြင်းသည် ယခု ကျင်းပ ပြုလုပ်လျက်ရှိသော အမေရိကန်-တောင်ကိုးရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ကန့်ကွက်လိုသောကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ် ခဲ့ကြသည်။

၁၉၅၃ ခုနှစ် ၌ ကိုးရီးယား ကျွန်းဆွယ် စစ်ပွဲရပ်ဆိုင်ပြီးနောက်ပိုင်းတွင် အမေရိကန် နိုင်ငံ နှင့် တောင်ကိုးရီးယား နိုင်ငံ တို့သည် နှစ်စဉ် အတိုင်းအတာ ကြီးမားသည့် စစ်ရေးပူးပေါင်းလေ့ကျင့်မှုများ ပြုလုပ်လေ့ရှိသည်။ ယခု နှစ် ပူးတွဲစစ်ရေးလေ့ကျင့်မှု သည် မတ်လ ၁ ရက်နေ့က စတင်ခဲ့ပြီး မြောက်ကိုးရီးယား နိုင်ငံ က မတ်လ ၂ ရက်နေ့ တွင် အပြင်းအထန် ကန့်ကွက်ကြောင်းကြေညာခဲ့ကာ တင်းမာသည့် တုံ့ပြန်မှု ပြန်လည် ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.