Asia
ဂျပန်နိုင်ငံအပေါ် ဖြတ်ကျော် ပစ်ခတ်ခဲ့သည့် မြောက်ကိုရီးယား ဒုံးကျည်ကြောင့် သင်္ဘောများနှင့် လေယာဉ်များ ပျက်စီးမှု မရှိခဲ့ကြောင်း ဂျပန် အစိုးရ ပြောကြား
တိုကျို၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)
ယနေ့ (စက်တင်ဘာလ ၁၅ ရက်) နံနက်ပိုင်းက မြောက်ကိုရီးယားနိုင်ငံမှ ပစ်လွှတ်လိုက်သော ဒုံးကျည်သည် ဂျပန်နိုင်ငံ မြောက်ပိုင်းအပေါ် ဖြတ်ကာ ပစိဖိတ်သမုဒ္ဒရာသို့ ကျသွားခဲ့ကြောင်း ဂျပန် အစိုးရက ပြောကြားခဲ့သည်။
အဆိုပါ ဒုံးကျည်သည် ဒေသစံတော်ချိန် နံနက် ရး၁၆ နာရီ ဝန်းကျင်၌ ဟော့ကိုင်းဒိုးကျွန်းရှိ Erimo အငူ အရှေ့ဘက် ပြင်ပ ၂၀၀၀ ကီလိုမီတာဝန်းကျင်သို့ ကျခဲ့ကြောင်း အစိုးရက ဆိုသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စက်တင်ဘာလ ၃ ရက်တွင် မြောက်ကိုရီးယား၏ ခြောက်ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုကြောင့် ပိတ်ဆို့မှုပြုလုပ်မည့် ဆုံးဖြတ်ချက်အပေါ် မဲခွဲခဲ့ပြီးနောက် မြောက်ကိုရီးယားက ယခုလို ဒုံးကျည် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ယခု နောက်ဆုံး ဒုံးကျည်ပစ်ခတ်မှုသည် မြောက်ကိုရီးယား၏ တရားလွန် ရန်စခြင်းဖြစ်သည်ဟု ပြင်းထန်စွာ သုံးနှုံးရှုတ်ချလိုက်ကြောင်း ဂျပန် အစိုးရ ထိပ်တန်း ပြောရေးဆိုခွင့်ရှိသူ အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ယိုရှီဟိဒိ စူဂါက စက်တင်ဘာလ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ဒေသစံတော်ချိန် နံနက် ရး၀၀ နာရီ ဝန်းကျင်က ပစ်လွှတ်ခဲ့သော အဆိုပါ ဒုံးကျည် ပစ်ခတ်ခံရမှုကြောင့် ပျက်စီး ဆုံးရှုံးမှု မရှိခဲ့ကြောင်း စူဂါက ဆိုသည်။
၎င်းအနေဖြင့် အထူးသဖြင့် ပြောကြားချက်အရ ဒုံးကျည်ကျရောက်မှုကြောင့် အန္တရာယ်ရှိလောက်ဖွယ် ပျက်စီးမှု မရှိကြောင်း၊ ယင်း ဒေသအတွင်း လေယာဉ် သို့မဟုတ် သင်္ဘောများ ထိခိုက်ပျက်စီးခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။ (Xinhua)