Connect with us

Asia

ဂျပန်နိုင်ငံ၏ လုံခြုံရေးဥပဒေ ပြဋ္ဌါန်းပြီးနောက် နှိုင်းနှိုင်းချိန်ချိန် ကျင့်သုံးရန် တရုတ် တိုက်တွန်း

ဂျပန်နိုင်ငံ အထက်လွှတ်တော်တွင် လုံခြုံရေး ဥပဒေအား စက်တင်ဘာ ၁၉ ရက်နေ့က မဲခွဲ ဆုံးဖြစ်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အစိုးရမှ အဆိုပြုထားသော အငြင်ပွားဖွယ် လုံခြုံရေး ဥပဒေအား အထက်လွှတ်တော်မှ စနေနေ့ အစောပိုင်းက အတည်ပြုလိုက်ပြီးနောက် ယင်းဥပဒေကို ဂျပန်နိုင်ငံအနေဖြင့် နှိုင်းနှိုင်းချိန်ချိန် ကျင့်သုံးသင့်ကြောင်း တရုတ်နိုင်ငံက တိုက်တွန်းလိုက်ပါသည်။

“ သမိုင်းမှ သင်ခန်းစာများအား အမှတ်ရပြီး ပြည်သူလူထုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွေရဲ့ မေတ္တာရပ်ခံ ချက်တွေကို နားထောင်ဖို့၊ အိမ်နီးချင်း နိုင်ငံတွေနဲ့ ဆက်စပ်နေတဲ့ လုံခြုံရေး ဆိုင်ရာတွေကို အထူးဂရုပြုပေးဖို့ တရုတ်နိုင်ငံက အလေးအနက်ထာ တိုက်တွန်းလိုက်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ ဟုန်လဲ့ က စနေနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

အသစ် ပြဋ္ဌါန်းလိုက်သော ဥပဒေအရ ဂျပန်နိုင်ငံသည် နိုင်ငံ၏ ကာကွယ်ရေးတပ်ကို နိုင်ငံတကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် နိုင်ငံခြားသား စစ်သားများအတွက် ထောက်ပံ့ သယ်ပို့ရေး လုပ်ငန်းများ လုပ်ဆောင်ခွင့် ဆိုင်ရာ အမြဲတမ်း ဥပဒေ တစ်ခုကို ဖန်တီး ပေးလိမ့်မည်ဖြစ်ပြီး တည်ဆဲ လုံခြုံရေးနှင့် ဆက်စပ်နေသော ဥပဒေ ၁၀ ခု ကိုလည်း ပြင်ဆင်ရပါလိမ့်မည်။

“ဒါဟာ ဂျပန်နိုင်ငံ အနေနဲ့ ဒုတိယ ကမ္ဘာစစ်ပြီး နောက်ပိုင်း စစ်ရေးနှင့် လုံခြုံရေး နယ်ပယ်များမှာ မကြုံစဖူးပါဝင် လာခြင်းလဲ ဖြစ်တယ်” ဟု ဟုန်က ပြောသည်။

ဂျပန်သည် လတ်တလော၌ နိုင်ငံ၏ စစ်တပ်အင်အား တိုးမြှင့်ခြင်းနှင့် စစ်တပ်နှင့် လုံခြုံရေး ဆိုင်ရာ မူဝါဒ ချိန်ညှိမှုများ တိုးမြှင့်လုပ် ဆောင်နေသလို ယင်းသည် ငြိမ်းချမ်းရေး ၊ ဖွံ့ဖြိုးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု ဦးတည်ချက်များနှင့် ကွဲလွဲနေ၍ တိုင်းပြည်၏ ခုခံ ကာကွယ်ခြင်းမူဝါဒနှင့် ငြိမ်းချမ်းစွာ ဖွံံ့ဖြိုး တိုးတက်မှု လမ်းကြောင်းများမှ သွေဖယ် သွား လိမ့်မည် ဟူသည့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ သံသယများကို မြင့်တက်စေပါသည်ဟု အဆိုပါ ပြောရေး ဆိုခွင့်ရှိသူက ပြောပါသည်။

“ သမိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကြောင့် ဂျပန်ရဲ့ မူဝါဒတွေနဲ့ စစ်ရေးနှင့် နိုင်ငံရေးဘက် မှာ လှုပ်ရှားမှုတွေကို အိမ်နီးချင်းအာရှ နိုင်ငံတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းတွေ အနီးကပ် စောင့်ကြည့်နေ ကြပါတယ်” ဟုန်က ဖြည့်စွက် ပြောသည်။

ဂျပန်နိုင်ငံက ဖွဲ့စည်းပုံ အခြေခံဥပဒေ ကျွမ်းကျင်ပညာရှင် ၉၀ ရာခိုင်နှုန်းကျော်မှ ထိုဥပဒေ ပြဋ္ဌါန်းမှုသည် ဂျပန်နိုင်ငံ၏ အခြေခံ ဥပဒေကို ချိုးဖောက်ရာ ရောက်ကြောင်း ယုံကြည်ထားကြသည်။ အဆိုပါ လုံခြုံရေး ဥပဒေအား အောက်လွှတ်တော်က ဇူလိုင်လတည်းက အတည်ပြုထားပြီး ဖြစ်ပါသည်။

ဤအကြောင်းအရာနှင့် ပတ်သက်၍ ဂျပန် နိုင်ငံရှိ ပြည်သူ လူထုများ၏ တစ်နိုင်ငံလုံး အတိုင်းအတာ ဆန့်ကျင် ကန့်ကွက်မှု များဖြစ်ပွားခဲ့ပြီး ယခု ရက်ပိုင်းတွင်လည်း သိန်းနှင့်ချီသော ဂျပန် နိုင်ငံ ပြည်သူလူထု တို့မှ လွှတ်တော် ရှေ့သို့ သွားရောက်၍ လုံခြုံရေး ဥပဒေ မူကြမ်းအား တွန်းအားပေး အတည်ပြု ရန်ဆောင်ရွက်မှုကို ဆန္ဒပြ ကန့်ကွက်ခဲ့ကြပြီး ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အား ရာထူးမှ နုတ်ထွက် ပေးရန် တောင်းဆို ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.