Connect with us

Asia

ဒေသဆိုင်ရာ တာလီဘန် ခေါင်းဆောင်အား အာဖဂန် လုံခြုံရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိ

၂၀၁၅ ခုနှစ် ဧပြီလက တာလီဘန် များထံမှ ဖမ်းဆီးရမိသော လက်နက်များ (ဆင်ဟွာ)

ဖိုင်ဇာဘတ်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

အာဖဂန် အမျိုးသား လုံခြုံရေး တပ်ဖွဲ့မှ ဒေသဆိုင်ရာ တာလီဘန် ခေါင်းဆောင် တစ်ဦးအား ဘဒက်ရှန် ပြည်နယ် မြောက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ အစိုးရ ပြောရေးဆိုခွင့်ရှိသူက စနေနေ့က ပြောကြားခဲ့သည်။

ခိုင်လုံသော သတင်းပေးချက်အရ အာဖဂန် အမျိုးသား လုံခြုံရေး တပ်ဖွဲ့သည် စစ်သွေးကြွများ ပုန်းအောင်းနေသော ကီရှင်း ခရိုင်ရှိ ချာဟာမာ့က်ဇက် ကျေးရွာကို အထူး စစ်ဆင်ရေး အနေဖြင့် စီးနင်းခဲ့ပြီးနောက် ကွာရီ နာစာ အမည်ရှိ ဒေသဆိုင်ရာ တာလီဘန် ခေါင်းဆောင်ကို အခြားအပေါင်း အပါလေးယောက်နှင့် အတူ ဖမ်းဆီးနိုင်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ နာဝတ် ဖရူတန်က ဆင်ဟွာသို့ ပြောကြား ခဲ့သည်။

ကွာရီနာဆာသည် ယခုနှစ် အတွင်း အဆိုပါခရိုင်၌ ဖြစ်ပွားခဲ့သော အသေခံ ဗုံးခွဲမှုများ အပါအဝင်အခြား အကြမ်းဖက်မှုများကို ညွှန်ကြားရာ၌ ပါဝင်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ၎င်းနှင့် အတူ ကားဗုံး တစ်လုံးအပါအဝင် အခြားလက်နက် ပစ္စည်းများကို လုံခြုံရေး တပ်ဖွဲ့မှ သိမ်းဆည်း ရမိခဲ့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ တာလီဘန် ခေါင်းဆောင် ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ တာလီဘန် ဘက်မှ မှတ်ချက် တစ်စုံတစ်ရာ မထုတ်ပြန်ရသေးကြောင်း သိရသည်။ (Xinhua)