Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ကိုးဦးသေဆုံး၊ ရာပေါင်းများစွာ ဒဏ်ရာရရှိ - Xinhua News Agency
Connect with us

Asia

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ကိုးဦးသေဆုံး၊ ရာပေါင်းများစွာ ဒဏ်ရာရရှိ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့်အင်အားပြင်း ငလျင်ကြောင့် လမ်းများ ပျက်စီးခဲ့မှုများအား တွေ့ရစဉ်-(ဓါတ်ပုံ-အင်တာနက်)

တိုကျို၊ ဧပြီ ၁၅ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းတွင် ဧပြီလ ၁၄ရက်ညပိုင်းက အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် လူကိုးဦးသေဆုံး ပြီး၊ ရာပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာများက ဧပြီလ၁၅ရက်တွင် ဖော်ပြခဲ့သည်။

ဧပြီလ ၁၄ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်သည် ပြင်းအား ၆.၅ရှိပြီး ဂျပန်နိုင်ငံ၏ ငလျင်တိုင်းတာမှု စကေးအရ ပြင်းအား ၇ ရှိကာ ယင်းပမာဏသည် မြေငလျင်တစ်ခု အတွက် ဖြစ်နိုင်သည့် အမြင့်ဆုံး ဖတ်ကြားနိုင်သည့် ပမာဏ ဖြစ်ကြောင်း သိရသည်။ ယခုလှုပ်ခတ်ခဲ့သည့် မြေငလျင်သည် ၂၀၁၁ခုနှစ် Tohoku တွင် လှုပ်ခတ် ခဲ့သည့် အင်အားပြင်း ငလျင်ပြီးနောက် ပထမဆုံးလှုပ်ခတ်သည့် အင်အား အပြင်းဆုံး ငလျင်ဖြစ်ကြောင်း သိရသည်။
Kumamoto ခရိုင် Mashiki မြို့တွင် ငလျင် လှုပ်ခတ်ခဲ့မှုဒဏ် အပြင်းထန်ဆုံးဖြစ်ပြီး ပြင်းအား ၇ရှိသော်လည်း ဂျပန်နိုင်ငံ မိုးလေဝသ ဋ္ဌာနက ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားခြင်း မရှိကြောင်း သိရသည်။
ငလျင်ကြီးလှုပ်ခတ်ပြီးနောက် ငလျင်ငယ် ၁၀၃ခု ဆက်လက်လှုပ်ခတ်ခဲ့ပြီး အချို့မှာ ဂျပန်နိုင်ငံ၏ ငလျင် တိုင်းတာမှု စကေးအရ ပြင်းအား ၆ ရှိကြောင်း မိုးလေဝသဋ္ဌာနက ဧပြီလ ၁၅ရက် နံနက်အစောပိုင်းက ထုတ်ပြန် ခဲ့သည်။
ငလျင်ကြောင့် သေဆုံးသူများမှာ Mashiki မြို့နှင့် Kumamotoမြို့ရှိ Higashi ရပ်ကွက်မှ ဖြစ်ကာ ခရိုင် အတွင်းရှိ ရဲတပ်ဖွဲ့များ နှင့် မီးသတ်သမားများက ငလျင်ကြောင့် အိမ်အလုံး ၂၀ပြိုကျခဲ့ပြီး အဓိကအားဖြင့် Mashiki မြို့နှင့် မြို့အနီးအနားပတ်ဝန်းကျင် မှ အပျက်အစီးများအောက်၌ လူများပိတ်မိနေကြာင်း ပြောကြားခဲ့သည်။
ငလျင်ကြီး နှင့် ၎င်း၏နောက်ဆက်တွဲ ငလျင်များကြောင့် လူ ၇၆၅ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ၎င်းတို့အနက် ၅၃ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း တာဝန်ရှိသူများက နံနက် ၅နာရီတွင် ပြောကြားခဲ့သည်။
တာဝန်ရှိသူများ က လူပေါင်း ၄၄,၄၀၀ ကို ၎င်းတို့၏ နေအိမ်များမှ ရွှေ့ပြောင်းပေးခဲ့ပြီး ခရိုင်အတွင်းရှိ ယာယီ နေရာ ၅၀၀တွင် နေရာချထားပေးကြောင်း ပြောကြားခဲ့သည်။
ငလျင်ဒဏ်ခံရသည့် ဧရိယာများအတွင်းရှိ နျူကလီးယား ဓါတ်ပေါင်းဖိုများတွင် မူမမှန်သည့် လက္ခဏာများ မရှိကြောင်း သိရသည်။
ဂျပန်နိုင်ငံ အမျိုးသား ရဲတပ်ဖွဲ့ က ပြည်တွင်းရဲဋ္ဌာန ၁၉ခုမှ ရဲတပ်ဖွဲ့ဝင် ၁၀၈၄ဦးအား ငလျင်လှုပ်ခတ်ခဲ့သည့် ဒေသများသို့ ဖြန့်ကျက်စေလွှတ်ခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က ငလျင်ဒဏ်ခံစားခဲ့ရသည့် ဒုက္ခသည်များအတွက် လိုအပ်သည့် အစားအစာ၊ ရေနှင့် ဆေးဝါးများကို ထောက်ပံပေးရန် အစိုးရအနေဖြင့် အစွမ်းကုန်လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.