Connect with us

Asia

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းတွင် အင်အားပြင်း ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ပြီးနောက် သေဆုံးသူဦးရေ ၂၁ဦးဖြစ်လာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကူမာမိုတိုစီရင်စု တွင် ဧပြီလ ၁၆ရက်က ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် လဲပြိုကျနေသည့် ပစ္စည်းစင်များအားတွေ့ရစဉ်-(ဓါတ်ပုံ-ဆင်ဟွာ)

အိုဆာကာ၊ ဧပြီ ၁၆ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကူမာမိုတို စီရင်စုတွင် ဧပြီလ ၁၆ရက် နံနက်ပိုင်းက ပြင်းအား ၇.၃ပမာဏရှိ ငလျင်တစ်ခု ထပ်မံ လှုပ်ခတ်ခဲ့မှုကြောင့် အနည်းဆုံး လူ၁၂ဦးသေဆုံး ခဲ့ပြီး ဧပြီလ ၁၄ရက်ငလျင်မှ စ၍ စုစုပေါင်း သေဆုံးသူ ၂၁ဦးအထိ ရှိလာကြောင်း သိရသည်။

ဒေသဆိုင်ရာဆိုင်ရာ တာဝန်ရှိသူများ က ကူမာမိုတိုစီရင်စုတွင် နံနက် အစောပိုင်း ၌လှုပ်ခတ်ခဲ့သည့် အင်အား ပြင်း ငလျင်ကြောင့် အနည်းဆုံး ၁၂ဦးသေဆုံးခဲ့ပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကာ နောက်ဆက်တွဲ အင်အားပြင်း ငလျင်များလည်း လှုပ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အင်အားပြင်း ငလျင်သည် ဂျပန်နိုင်ငံ တောင်ပိုင်း ဒေသတော်တော်များများ အထိ ပြန်နှံ့ခဲ့ပြီး ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ကြီးမားသော မီးတောင်ရှင်တစ်ခု တွင်လည်း လှုပ်ရှားမှု အနည်းငယ်တွေ့ရှိရကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့ပြီး ဂျပန်နိုင်ငံမိုးလေဝသဋ္ဌာန က ငလျင် လှုပ်ခတ်မှု နှင့် မီးတောင် လှုပ်ရှားမှု နှစ်ခု ဆက်စပ်နေပုံကို ရှင်းလင်းစွာ မသိရသေးကြောင်း ပြောကြားခဲ့သည်။
ငလျင်ကြောင့် မြို့သုံးမြို့ရှိ အိမ်ပေါင်း ၂၀၀,၀၀၀ ခန့် ထိခိုက်ပျက်စီးခဲ့ပြီး ကူမာမိုတို နှင့် မီရာဇာကီ စီရင်စုများ ရှိ အချို့ အဝေးပြေးလမ်းများတွင် ယာဉ်ကြောကျပ်တည်းမှု များဖြစ်ခဲ့ကာ လမ်းအချို့ ပျက်စီး ခဲ့ကြောင်း သိရသည်။ ထို့အပြင် ကူမာမိုတို လေဆိပ်သည် ဧပြီလ ၁၆ရက် လေကြောင်း ပျံသန်းမှု ခရီးစဉ် အားလုံးကို ရပ်ဆိုင်းခဲ့ကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။
ငလျင်လှုပ်ခတ်ခဲ့သည့် ဧရိယာအတွင်းရှိ တစ်ခုတည်းသော နျူကလီးယားဓါတ်ပေါင်းဖိုဖြစ်သည့် Sendai ဓါတ်ပေါင်းဖို တွင် ပုံမှန်မဟုတ် သည့် အခြေအနေများ ဖြစ်ပွားခြင်းမရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.