Connect with us

Asia

ဂျပန်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ဓာတုစက်ရုံ ပေါက်ကွဲ အနည်းဆုံး ၁၀ ဦး ဒဏ်ရာရ

ဂျပန်နိုင်ငံရှိ ဓာတုစက်ရုံ တစ်ရုံတွင် ပေါက်ကွဲမှု ဖြစ်ပွားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

တိုကျို၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အရှေ့တောင်ပိုင်းရှိ Shizuoka စီရင်စု ဖူဂျီမြို့ရှိ ဓာတုစက်ရုံ တစ်ခုတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ မီးသတ်ဋ္ဌာန သတင်းရင်းမြစ်များ၏ ပြောကြားချက်အား ကိုးကား၍ ဒေသတွင်း မီဒီယာက ဖော်ပြထားသည်။

ဒေသဆိုင်ရာ မီးသတ်ဋ္ဌာန၏ အဆိုအရ ပေါက်ကွဲမှု သတင်းအား ဒီဇင်ဘာလ ၁ ရက် ဒေသစံတော်ချိန် နံနက် ၈း၃၀ နာရီဝန်းကျင်၌ ရရှိခဲ့ကြောင်း သိရသည်။

မီးသတ်သမားများက မီးကို ငြှိမ်းသတ်နေဆဲဖြစ်ပြီး ယင်းနေရာတဝိုက်မှ ကောင်းကင်ပေါ်တွင် မီးခိုးလုံးမည်းကြီးများအား မြင်တွေ့နိုင်ကြောင်း NHK အသံလွှင့်ဋ္ဌာန၏ ပြသချက်အရ သိရသည်။

မီးလောင်သည့် အနီးဝန်းကျင်၌ နေထိုင်သူများအား ပြောင်းရွှေ့ရန် အကြံပြုထားပြီးဖြစ်ကြောင်း ဒေသဆိုင်ရာ အစိုးရက ပြောကြားခဲ့သည်။

အဆိုပါ ဓာတုစက်ရုံသည် Arakawa Chemical Industries Ltd. ပိုင်ဖြစ်ပြီး စက္ကူထုတ်ရန်၊ ပုံနှိပ်မင်များတွင်သုံးသည့် ကော်စေ့များနှင့် ကော်များ စသည့် ဓာတုပစ္စည်းများ ထုတ်လုပ် ရောင်းချသည့် ကုမ္ပဏီ တစ်ခုဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.