Connect with us

Asia

ဒေသတွင်း လုံခြုံရေးအတွက် အစွန်းရောက်ဝါဒ ဆန့်ကျင်တိုက်ဖျက်ရေး သဘောတူစာချုပ်အား အတည်ပြုရန် SCO အဖွဲ့ဝင်များအား တရုတ် ဝန်ကြီးချုပ် လီခဲ့ချန် တိုက်တွန်း

၁၆ ကြိမ်မြောက် SCO ဝန်ကြီးချုပ်များ အစည်းအဝေး တက်ရောက်နေသာ တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်အား တွေ့ရစဉ် (ဆင်ဟွာ)

ဆိုချီ၊ ရုရှား၊ ဒီဇင်ဘာလ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း (SCO) အဖွဲ့ဝင် နိုင်ငံများအား ဒေသတွင်း လုံခြုံရေး ပိုမိုကောင်းမွန်ရန်အတွက် အစွန်းရောက်ဝါဒ ဆန့်ကျင်တိုက်ဖျက်ရေး သဘောတူစာချုပ်အား ဆောလျင်စွာ အတည်ပြုကြရန် ဒီဇင်ဘာလ ၁ ရက်က တိုက်တွန်းလိုက်ကြောင်း သိရသည်။

SCO အဖွဲ့ဝင်များအနေဖြင့် သက်ဆိုင်ရာ နိုင်ငံအလိုက် ယင်း သဘောတူညီချက်အား အတည်ပြုရေးနှင့် သဘောတူစာချုပ် မြန်နိုင်သမျှ မြန်မြန် အသက်ဝင်နိုင်ရေးအတွက် အရှိန်မြှင့် လုပ်ဆောင်သင့်ကြောင်း ရုရှားနိုင်ငံ ဆိုချီမြို့၌ နိုဝင်ဘာလ ၃၀ ရက်မှ ဒီဇင်ဘာလ ၁ ရက်အထိ ပြုလုပ်သော ၁၆ ကြိမ်မြောက် SCO ဝန်ကြီးချုပ်များ အစည်းအဝေး တက်ရောက်စဉ် ဝန်ကြီးချုပ် လီက ပြောကြားခဲ့သည်။

SCO အစွန်းရောက်ဝါဒ ဆန့်ကျင်တိုက်ဖျက်ရေး သဘောတူစာချုပ်အား ဇွန်လက ကာဇက်စတန်နိုင်ငံတွင် ပြုလုပ်ခဲ့သော အက်စ်တန်နာ ထိပ်သီးအစည်းအဝေးအတွင်း အဖွဲ့ဝင်နိုင်ငံ ၈ နိုင်ငံ လက်မှတ်ရေးထိုးခဲ့သည်။ သို့သော် ထို သဘောတူစာချုပ် အသက်ဝင် သက်ရောက်မှုရှိစေရန် အဖွဲ့ဝင်နိုင်ငံများဖြစ်သော တရုတ်၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ ရုရှား၊ တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်၊ အိန္ဒိယနှင့် ပါကစ္စတန်တို့က အတည်ပြုရမည် ဖြစ်သည်။

အဆိုပါ သဘောတူညီချက်သည် နိုင်ငံတကာ အစွန်းရောက်ဝါဒ ဆန့်ကျင်တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု အတွက် စံနမူနာ တစ်ခုဖြစ်ကြောင်း၊ အကြမ်းဖက်ဝါဒ၊ အစွန်းရောက်ဝါဒနှင့် ခွဲထွက်ရေးဝါဒဟူသော “နတ်ဆိုးအင်အား သုံးရပ်” အား ဆန့်ကျင်တိုက်ဖျက်ရာတွင် ဒေသတွင်း အဆုံးအဖြတ် အဖြေရှာမှုအား ပြသရာလည်းရောက်ကြောင်း လီက ပြောကြားခဲ့သည်။

၁၆ ကြိမ်မြောက် SCO ဝန်ကြီးချုပ်များ အစည်းအဝေး တက်ရောက်လာသူများ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူထု၏ မျှော်လင့်ချက်များ ပြည့်စုံရန်အတွက် လုံခြုံရေးက အခြေခံ အုတ်မြစ်ဖြစ်သလို အားလုံးပါဝင် ပူးပေါင်းဆောင်ရွက်မှုရှိပြီး ရေရှည်တည်တံ့သော ဘုံ လုံခြုံရေး အယူအဆအောက်တွင် ဒေသတွင်း လုံခြုံရေး ပိုမို ပူးပေါင်းဆောင်ရွက်ရန်လည်း လီက ပြောကြားခဲ့သည်။

ထို့ပြင် လုံခြုံရေး စိန်ခေါ်မှုများနှင့် ခြိမ်းခြောက်မှုများအား ရင်ဆိုင်ရန် ဒေသဆိုင်ရာ စင်တာ တစ်ခု တည်ထောင်ရန်နှင့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးနှင့် နယ်စပ်ဖြတ်ကျော် မှုခင်းများ တိုက်ဖျက်ရေးတွင် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ရန် လီက အကြံပြုခဲ့ကြောင်း သိရသည်။

ယခု ကျင်းပခဲ့သော SCO အစည်းအဝေးသည် ဇွန်လအတွင်း အဖွဲ့ဝင်သစ်အဖြစ် အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့ ပါဝင်လာပြီးနောက် ပထမဆုံးအကြိမ် ကျင်းပခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.