Asia
ဂျပန် အနောက်ပိုင်းတွင် လေယာဉ်ငယ် တစ်စင်း ပျက်ကျ

တိုကျို၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ အနောက်ပိုင်း နာရာစီရင်စုရှိ တောင်ထူထပ်သောနယ်မြေတွင် လေယာဉ်ငယ် တစ်စင်း သြဂုတ်လ ၁၃ ရက်က ပျက်ကျခဲ့ကြောင်း ဒေသတွင်း မီဒီယာက ဖော်ပြထားသည်။
သတင်းများ၏ အဆိုအရ ယင်း လေယာဉ်ငယ်မှာ သြဂုတ်လ ၁၃ ရက် အစောပိုင်းကတည်းက အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်း ဖြစ်ပြီး မီးလောင်ကျွမ်းနေသည့် လေယာဉ်ငယ်၏ အစိတ်အပိုင်း ဖြစ်ဟန်တူသော အစိတ်အပိုင်းများအား ဒေသခံ ရဲတပ်ဖွဲ့နှင့် မီးသတ်ဋ္ဌာနက စစ်ဆေးနေကြောင်း သိရသည်။အဆိုပါ လေယာဉ်ပေါ်တွင် လူ နှစ်ဦး လိုက်ပါသွားခဲ့ပြီး ဖူကူရှီးမား လေဆိပ်သို့ သွားရန် အိုဆာကာရှိ ရော့လေဆိပ် (Yao Airport) မှ ဒေသစံတော်ချိန် နံနက် ၁၁း၅၇ နာရီအချိန်က ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။လေယာဉ် ပျက်ကျသည့် အသံအား သြဂုတ်လ ၁၃ ရက် အစောပိုင်းက ကြားခဲ့ရကြောင်း၊ ယင်းအသံကြောင်း မြေပြင်ပါ တုန်ခါသွားခဲ့ကြောင်း ဒေသခံများက မီဒီယာသို့ ပြောကြားခဲ့သည်။ (Xinhua)