Asia
စင်ကာပူနိုင်ငံတွင် ကက်ဘိနက်အဖွဲ့ဝင်သစ် အမည်စာရင်း ထုတ်ပြန်ကြေညာ၊ လီရှန်လွန်းက ဝန်ကြီးချုပ်တာဝန် ဆက်လက်ထမ်းဆောင်

စင်ကာပူ၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)
စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်း(Lee Hsien Loong)က ဇူလိုင် ၂၅ ရက်တွင် အစိုးရအဖွဲ့သစ် ဝန်ကြီးအဖွဲ့ဝင် အမည်စာရင်းသစ်ထုတ်ပြန်ခဲ့ရာ ဝန်ကြီးချုပ် တာဝန်ကို လီရှန်လွန်း( Lee Hsien Loong)က ဆက်လက်ထမ်းဆောင်မည်ဖြစ်ပြီး Heng Swee Keatက ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးမူဝါဒ စီမံရေးဆွဲမှုဝန်ကြီးဌာန ဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး တာဝန်ကို ထမ်းဆောင်မည် ဖြစ်ကြောင်း သိရသည်။
လီရှန်လွန်းက ဇူလိုင် ၂၅ ရက်တွင် ကျင်းပသည့် ဗွီဒီယို သတင်းစာရှင်းလင်းပွဲမှတဆင့် ဝန်ကြီးအဖွဲ့ဝင်စာရင်းများကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။စင်ကာပူနိုင်ငံ အတိုင်ပင်ခံ Teo Chee Heanနှင့် Tharman Shanmugaratnam တို့သည် အမျိုးသားလုံခြုံရေး စီမံရေးဆွဲမှု ဝန်ကြီးဌာန ဝန်ကြီးနှင့် လူမှုရေးရာ မူဝါဒစီမံရေးဆွဲမှု ဝန်ကြီးဌာန ဝန်ကြီးများအဖြစ် အသီးသီး ခန့်အပ်ခံရကြောင်း သိရသည်။ ဝန်ကြီးအဖွဲ့သစ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန ၊ ကုန်သွယ်စက်မှုဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့၏ ဝန်ကြီးနေရာများ အပြောင်းအလဲမရှိကြောင်း သိရသည်။စင်ကာပူနိုင်ငံ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများသည် ဇူလိုင် ၂၇ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)