Asia
စင်ကာပူ တိုက်ခန်း ဈေးများ ၂၀၁၅ ခုနှစ် လဆန်းတွင် ၁.၀ ရာခိုင်နှုန်း ကျဆင်း

စင်ကာပူ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)
စင်ကာပူ၏ အိမ်ရာနှင့် ဖွံ့ဖြိုးရေး အဖွဲ့ (HDB) ယခင် ဆောက်လုပ်ခဲ့သည့် တိုက်ခန်း များပြန်လည် ရောင်းချသည့် ဈေးနှုန်းများမှာ ပြီးခဲ့သည့် သုံးလပတ်နှင့် ယှဉ်လျင် ၂၀၁၅ ပထမ သုံးလပတ်အတွင်း ၁.၀ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ဧပြီလ (၁) ရက်နေ့တွင် HDB မှ ထုတ်ပြန်ချက် အရ သိရသည်။
အိမ်ခြံမြေ ဈေးနှုန်း အပြောင်းအလဲများနှင့် ဆက်နွယ်နေသည့် တိုက်ခန်းများ ပြန်ရောင်း ဈေးနှုန်းညွှန်းကိန်း (RPI) များလည်း ယခင် (၃) လပတ်တွင်း ၁၃၇.၀ ရှိခဲ့ရာမှ ယခုနှစ် ပထမ (၃) လပတ်တွင်း ၁၃၅.၆ သ့ိုကျဆင်း သွားကြောင်း HDB က ပြောကြားခဲ့သည်။
ဧပြီ ၂၄ ရက်နေ့တွင် ၂၀၁၅ ပထမ (၃) လပတ်အတွက် (RPI) နှင့် တိုက်ခန်း၏ အချက်အလက် အပြည့်အစုံကို ထုတ်ပြန် ပေးသွားမည် ဟု HDB က ပြောသည်။ (Xinhua)