Connect with us

Asia

ဆင်ဟွာသတင်းဋ္ဌာန ဥက္ကဋ္ဌ နှင့် လာအိုနိုင်ငံ သမ္မတတို့ တွေ့ဆုံ

လာအိုနိုင်ငံ သမ္မတ ဘွန်ညံဘိုရာချစ် အား တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နှင့် လာအိုနိုင်ငံ သမ္မတ ဘွန်ညံဘိုရာချစ် နှင့် ပထမအကြိမ် လာအို-တရုတ် ခေတ်သစ်ပိုးလမ်းမကြီး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်သို့ တက်ရောက်ရန် ဗီယင်ကျန်းမြို့ သို့ ရောက်ရှိလာသည့် ဆင်ဟွာသတင်းဋ္ဌာန ဥက္ကဋ္ဌ ချိုက်မင်းကျို တို့သည် ဗီယင်ကျန်းမြို့၌ ဖေဖော်ဝါရီ ၃ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဘွန်ညံက ဖိုရမ်အောင်မြင်စွာကျင်းပနိုင်ခြင်းအပေါ် ဂုဏ်ပြုပါကြောင်း၊ ယင်းဖိုရမ်သည် သမိုင်းဝင် အခမ်းအနားတစ်ခုဖြစ်ပြီး လာအိုနိုင်ငံ နှင့် တရုတ်နိုင်ငံအကြား အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ ရဲဘော်ကောင်း နှင့် မိတ်ဖက်ကောင်း ဆက်ဆံရေးအပါအဝင် ခိုင်မာသည့်ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးများကို ဖော်ပြခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

လာအိုနိုင်ငံ သမ္မတ က တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ၂၀၁၇ခုနှစ်တွင် နိုဝင်ဘာလတွင် လာအိုနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်လာရောက်ခဲ့ပြီး နှစ်နိုင်ငံသည် အနာဂတ်မျှဝေသည့် လူမှုအသိုင်းအဝိုင်းတစ်ခုအတွက် ဘုံဖွံ့ဖြိုးတိုးတက်မှု နှင့် တိုးတက်မှု အတွက် အတူတကွလုပ်ဆောင်သွားရန် အလေးပေးပြောကြားခဲ့ကြောင်း ပြောကြားခဲ့သည်။

ဘွန်ညံက နှစ်နိုင်ငံ အစိုးရ နှင့် မီဒီယာ ကဏ္ဍတို့ ချိတ်ဆက်၍ ပန်းတိုင်သို့ ရောက်ရှိအောင် ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။

ဆင်ဟွာဥက္ကဋ္ဌ ချိုက်မင်းကျိုက ၂၀၁၇ခုနှစ်တွင် နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံမှုမှ တရုတ်-လာအို ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အရေးကြီးသော သဘောတူညီမှုများ ရရှိခဲ့ကြောင်း၊ ယခုဖိုရမ်သည် ယင်းသဘောတူညီချက်များကို ပြီးမြောက်အောင်ဆောင်ရွက်ရန် ဖွဲ့စည်းကျင်းပခြင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းများအကြား နည်းပညာဖလှယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာလာစေရန် ပလက်ဖောင်းတစ်ခုအနေဖြင့် ယင်းဖိုရမ်က လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.