Asia
တရုတ်နိုင်ငံက ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်မှုအပေါ် ခိုင်မာစွာရပ်တည်ပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိသော နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းမျှဝေသွားမည်ဟု သမ္မတ ရှီပြော

ဒူရှန်းဘီ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုနှင့် ဈေးကွက်အတွင်း ဝင်ရောက်မှု ပိုမိုအဆင်ပြေချောမွေ့မှုများမှတစ်ဆင့် နိုင်ငံများအားလုံးနှင့်အတူ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း အား ခိုင်မြဲစွာဆက်လက်လုပ်ဆောင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများ မျှဝေရန် ဇွန်လ ၁၅ ရက်က ကတိပြုခဲ့ကြောင်း သိရသည်။
ရှီက တာဂျစ်ကစ္စတန်နိုင်ငံ ဒူရှန်းဘီမြို့တွင် ပြုလုပ်သော Conference on Interaction and Confidence Building Measures in Asia (CICA) ပဉ္စမအကြိမ်မြောက် ထိပ်သီးအစည်းအဝေး၌ မိန့်ခွန်းပြောကြားနေစဉ် အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်း ဖြစ်သည်။ (Xinhua)