Asia
တရုတ်နိုင်ငံ သမ္မတ ဖိလစ်ပိုင်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် ရောက်ရှိ
မနီလာ၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၁၃နှစ်တာကာလအတွင်း တရုတ်နိုင်ငံ ခေါင်းဆောင်တစ်ဦးအနေဖြင့် ဖိလစ်ပိုင်နိုင်ငံသို့ နိုဝင်ဘာ ၂၀ ရက်တွင် ပထမဆုံးအကြိမ် နိုင်ငံတော်ခရီးစဉ်ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံသည် ရှီကျင့်ဖိန်၏ အာရှ-ပစိဖိတ် ၃နိုင်ငံ ခရီးစဉ် ၏ နောက်ဆုံးနိုင်ငံ ခရီးစဉ်ဖြစ်ပြီး ယင်းမတိုင်မီ ၎င်းသည် ပါပူးဝါနယူးဂီနီနိုင်ငံ သို့ သွားရောက်ကာ ၂၆ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စီးပွားရေး ခေါင်းဆောင်များ အစည်းအဝေး သို့ တက်ရောက်ခဲ့ပြီး ဘရူနိုင်းနိုင်ငံ သို့ လည်း သွားရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)