Asia
အိန္ဒိယတွင် စွန့်ပစ်ထားသော ဖောက်ခွဲရေးပစ္စည်းများ ပေါက်ကွဲ၍ လူ ၆ဦးသေဆုံး
နယူးဒေလီ၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့တစ်ဖွဲ့က အသုံးမလို၍ စွန့်ပစ်သွားခဲ့သော ဖောက်ခွဲရေးပစ္စည်းများ နိုဝင်ဘာ ၂၀ရက်က ရုတ်တရက်ပေါက်ကွဲခဲ့ရာ လူ ၆ဦးသေဆုံးပြီး လူ ၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း နောက်ဆုံးရသတင်းများအရ သိရသည်။
အဆိုပါ မတော်တဆမှုသည် နိုင်ငံအနောက်တောင်ပိုင်း Maharashtra ပြည်နယ် Wardha ခရိုင်ရှိ အမြောက်တပ်ဖွဲ့၏ လက်နက်ရုံအနီးဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကနဦးသတင်းများအရ သေဆုံးသူများသည် ဒေသခံရွာသားများဖြစ်ကြပြီး ပေါက်ကွဲသံအား ကီလိုမီတာများစွာ အဝေးမှ ဒေသခံများပင် ကြားရကြောင်း သိရသည်။ (Xinhua)
Continue Reading