Connect with us

Asia

တရုတ် နိုင်ငံ အစိုးရ ကူညီထောက်ပံ့သည့် လူသားချင်း စာနာထောက်ထားမှု အကူအညီ ပစ္စည်းများ အင်ဒိုနီးရှား နိုင်ငံ သို့ စတင် ရောက်ရှိ


ပါလူ ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ အစိုးရ မှ အင်ဒိုနီးရှား နိုင်ငံ Central Sulawesi ပြည်နယ် တွင် ဖြစ်ပွား ခဲ့သည့် ငလျင် နှင့် ဆူနာမီ နှင့် ပတ်သက်၍ ကူညီထောက်ပံ့သည့် လူသားချင်း စာနာထောက်ထားမှု အကူအညီ ပစ္စည်းများ က အောက်တိုဘာ ၉ ရက် ညနေပိုင်း အချိန်တွင် အင်ဒိုနီးရှား Balikpapan လေဆိပ် သို့ ပထမ အသုတ် အနေဖြင့် စတင်ရောက် ရှိခဲ့သည်။

အင်ဒိုနီးရှား နိုင်ငံ Central Sulawesi ပြည်နယ် တွင် စက်တင်ဘာ ၂၈ ရက် ၌ အင်အားပြင်း ငလျင် နှင့် ဆူနာမီ ဖြစ်ပွား ခဲ့သဖြင့် လူအများ သေဆုံးဒဏ်ရာရရှိခဲ့ပြီး ပစ္စည်းဥစ္စာ ဆုံးရှုံးမှုလည်း များစွာ ဖြစ်ပွား ခဲ့သည်။ အချင်းဖြစ်ပွားနောက် တရုတ် နိုင်ငံ အစိုးရ က အင်ဒိုနီးရှား နိုင်ငံ ၏ လိုအပ်ချက်အရ ယာယီတဲ ၊ ရေသန့်စင်စက် ၊ ဆေးဖျန်းစက် နှင့် မီးစက် စသည့် လူသားချင်း စာနာထောက်ထားမှု အကူအညီ ပစ္စည်းများ ပစ္စည်းများ ကို လေယာဉ် စင်းလုံးငှား၍ အင်ဒိုနီးရှား နိုင်ငံ သို့ ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

တရုတ် နိုင်ငံ အစိုးရ ကူညီထောက်ပံ့သည့် လူသားချင်း စာနာထောက်ထားမှု အကူအညီ ပစ္စည်းများ အင်ဒိုနီးရှား Balikpapan လေဆိပ် သို့ ရောက်ရှိစဉ်(ဆင်ဟွာ)

အင်ဒိုနီးရှား နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး အနေဖြင့် အချင်းဖြစ်ပွားပြီးနောက် အရေးပေါ်လိုအပ်နေသည့် ပစ္စည်းများအား ဝယ်ယူ၍ အချင်း ဖြစ်ပွားရာ ဒေသ သို့ ပို့ဆောင်ပေးခဲ့ပြီး တရုတ် နိုင်ငံ ကြက်ခြေနီ အသင်း အနေဖြင့်လည်း အင်ဒိုနီးရှား နိုင်ငံ သို့ အရေးပေါ် ကူညီထောက်ပံ့ရေး အနေဖြင့် အမေရိကန်ဒေါ်လာ ၂ သိန်း အား ကူညီထောက်ပံ့ပေး ခဲ့ကြောင်း သိရှိရသည်။

တရုတ် နိုင်ငံ အစိုးရ အနေဖြင့် အင်ဒိုနီးရှား နိုင်ငံ နှင့် ညှိနှိုင်းဆက်သွယ်မှု ကို ထိန်းသိမ်းသွားပြီး အင်ဒိုနီးရှား နိုင်ငံ အစိုးရ ၏ ကယ်ဆယ်ရေး လုပ်ငန်း နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆက်လက် ထောက်ခံအားပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

အင်ဒိုနီးရှား နိုင်ငံ အစိုးရ ၏ ထုတ်ပြန်ကြေညာချက် အရ အောက်တိုဘာ ၉ ရက် နေ့ အချိန်ထိ Central Sulawesi ပြည်နယ် တွင် ဖြစ်ပွား ခဲ့သည့် ငလျင် နှင့် ဆူနာမီကြောင့် လူပေါင်း ၂,၀၁၀ သေဆုံး ခဲ့ပြီး ၈၃,၀၀၀ ခန့် နေရပ်များ ရွေ့ပြောင်း ခဲ့ရကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.