Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

တရုတ်-အမေရိကန် နျူကလီးယား လုံခြုံရေးစင်တာ စတင် လည်ပတ် - Xinhua News Agency
Connect with us

Asia

တရုတ်-အမေရိကန် နျူကလီးယား လုံခြုံရေးစင်တာ စတင် လည်ပတ်

အမေရိကန်နိုင်ငံ စွမ်းအင် ဦးစီးဌာန အမှတ် တံဆိပ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ မတ် ၁၈ ရက် (ဆင်ဟွာ)

အာရှ-ပစိဖိတ် ဒေသတွင် အကြီးမားဆုံးဖြစ်သည့် နျူကလီးယား လုံခြုံရေးစင်တာ အား တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံ တို့မှ ငွေကြေးထောက်ပံ့ တည်ဆောက်ခဲ့ပြီး ၎င်းအား မတ်လ ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။

ယင်းစင်တာအား တရုတ်နိုင်ငံ အနုမြူစွမ်းအင် အာဏာပိုင် (CAEA) နှင့် အမေရိကန်နိုင်ငံ စွမ်းအင် ဦးစီးဌာန တို့ ပူးပေါင်း တည်ဆောက်ခဲ့ပြီး တရုတ်နိုင်ငံနှင့် အာရှ-ပစိဖိတ်ဒေသ အတွင်းရှိ အခြားနိုင်ငံများ အတွက် နျူကလီးယား လုံခြုံရေး ဝန်ထမ်း ၂,၀၀၀ ကျော် နှစ်စဉ် လေ့ကျင့်ပေးနိုင်မည် ဖြစ်ကြောင်း CAEA ဥက္ကဋ္ဌ ရှီးတကျယ် ကပြောကြားခဲ့သည်။

အဆိုပါ အဆောက်အအုံ တည်ဆောက်ခြင်းသည် တရုတ်နိုင်ငံနှင့် အမေရိကန်တို့မှ ရင်းနှီးမြှုပ်နှံသည့် အကြီးဆုံးသော နျူကလီးယား ပရိုဂရမ် တစ်ခုဖြစ်ပြီး ၎င်းအား ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် စတင် တည်ဆောက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.