Connect with us

Asia

အင်တာနက်တွင် လွှမ်းမိုးနိုင်ဆုံး ပုဂ္ဂိုလ်အဖြစ် အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ်အား တိုင်းမ် မဂ္ဂဇင်းက ရွေးချယ်

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ အားတွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ မတ်လ ၁၈ ရက် (ဆင်ဟွာ)

တိုင်းမ် (Time) မဂ္ဂဇင်း၏ အင်တာနက်တွင် လွှမ်းမိုးနိုင်ဆုံး ပုဂ္ဂိုလ်အဖြစ် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီက နှစ်နှစ်ဆက်တိုက် ရွေးချယ်ခြင်း ခံရသည်။

တွစ်တာတွင် Follower ၁၈ သန်းကျော်နှင့် ဖေ့ဘွတ် (Facebook) တွင် Likes ၃၂ သန်း ရရှိသူ မိုဒီအား အင်တာနက် ကြယ်ပွင့်အဖြစ် အမေရိကန် မဂ္ဂဇင်းတစ်ခုဖြစ်သည့် တိုင်းမ်က ဖော်ပြထားသည်။ ထို့ပြင် မိုဒီက ဆိုရှယ်မီဒီယာအား သံခင်းတမန်ခင်း ဆောင်ရွက်မှုအဖြစ် ရံဖန်ရံခါ သုံးစွဲလေ့ရှိကြောင်း တိုင်းမ်မဂ္ဂဇင်း၌ ဖော်ပြထားသည်။

ဥပမာ အနေဖြင့် လွန်ခဲ့သည့်နှစ် ခရစ္စမတ်နေ့က ပါကစ္စတန်ဝန်ကြီးချုပ် Nawaz Sharif ၏ ၆၆ နှစ်မြောက် မွေး နေ့အား နှုတ်ခွန်းဆက်ရန် ပါကစ္စတန်နိုင်ငံ Lahore မြို့သို့ သွားရောက်မည့်အကြောင်း ၎င်း၏ တွစ်တာ အကောင့်တွင် ရေးသားခဲ့ကြောင်း မဂ္ဂဇင်းက ဖော်ပြထားသည်။

ဆိုရှယ်မီဒီယာများ၌ ကမ္ဘာ့လွှမ်းမိုးနိုင်သူများအား ဖော်ပြသည့် တိုင်းမ် မဂ္ဂဇင်း၏ စာရင်းတွင် ဗြိတိသျှ စာရေး ဆရာမ ဂျေကေ ရိုးလင်းနှင့် အမေရိကန် သမ္မတ ရွေးကောက်ပွဲဝင်ရန် မျှော်လင့်ထားသူ ဒေါ်နယ်ထရမ့်တို့ လည်း အပါအဝင် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.