Asia
တာဂျစ်အကျဉ်းထောင် ဆူပူမှု ဖြစ်ပွားရာ လူ ၃၂ ဦး သေဆုံး

ဒူရှန်းဘီ ၊ မေ ၂၀ ရက်(ဆင်ဟွာ)
တာဂျစ်ကစ္စတန် နိုင်ငံ မြို့တော် ဒူရှန်းဘီ၏ အရှေ့ပိုင်းရှိ လုံခြုံရေး မြင့်မားသော အကျဉ်းထောင် တစ်ခုတွင် ထောင်ဆူမှု ဖြစ်ပွားခဲ့ရာ အကျဉ်းသား ၂၉ ဦး နှင့် ထောင်ဝန်ထမ်း ၃ ဦး သေဆုံး သွားကြောင်း တရားရေး ဝန်ကြီး ဌာန၏ ယနေ့(မေ ၂ဝ ရက်) တွင်ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်း မီဒီယာက ဖော်ပြခဲ့ကြသည်။(Xinhua)