Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ရထားနှစ်စီးတိုက်မိမှုဖြစ်ပွား ၊ လူ ၃၄ ဦး ဒဏ်ရာ

ဖိလစ်ပိုင်တွင် ယခင်က ဖြစ်ပွားခဲ့သည့် ရထားမတော်တဆမှုတစ်ခုအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မနီလာ၊ မေ ၁၉ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ အမှတ် ၂ ရထားလမ်း တွင် မေ ၁၈ ရက် ညပိုင်းက ရထားနှစ်စင်း တိုက်မိမှု ဖြစ်ပွားရာ လက်ရှိအချိန်ထိ ဒဏ်ရာရသူ ၃၄ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

မေ ၁၈ ရက် ဒေသစံတော်ချိန် ၂၁ နာရီခန့်က အနောက်အရပ်မှ အရှေ့အရပ်သို့ မောင်းနှင်နေသည့် ရထားတစ်စီးသည် အခြားရပ်နားထားသော ရထားတစ်စီးနှင့်တိုက်မိမှုဖြစ်ပွားရာ ရထားတွဲ ပေါ်လိုက်ပါလာသည့် ခရီးသည်များ ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ဖိလစ်ပိုင်မီဒီယာများ၏ သတင်းများအရ သိရသည်။

ဒဏ်ရာရရသူများကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်း ဒေသခံ ရဲဘက်ဆိုင်ရာက ဆိုသည်။

အချင်းဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း မနီလာ ရထားလမ်းပို့ဆောင်ရေး စီမံခန့်ခွဲမှု ဌာနက ကြေညာချက်ထုတ်ပြန်ထားကြောင်းသိရသည်။

မနီလာ အမှတ် ၂ ရထားလမ်းသည် အရှည် စုစုပေါင်း ၁၃.၈ ကီလိုမီတာရှိပြီး ဘူတာ ၁၁ ခုရှိရာ မနီလာမြို့၏ သုံးခုမြောက် Light Rail ရထားလမ်းဖြစ်ကြောင်း ၊ နေ့စဉ်ခရီးသည် ၁၈၀,၀၀၀ ခန့်ကို သယ်ယူပို့ဆောင် နိုင်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117