Asia
တိုကျိုမြို့အနီး၌ ဓားကိုင်တိုက်ခိုက်မှုဖြစ်ပွားရာ တစ်ဦး သေ ၊ နှစ်ဦး ဒဏ်ရာရ
တိုကျို ၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံတိုကျိုမြို့အရှေ့တောင်ပိုင်း ယိုကိုဟားမားမြို့ရှိ လူနေအိမ်ရာတစ်ခုတွင် လူသုံးဦး ဓားဖြင့်တိုက်ခိုက်ခံရကြောင်း နှင့် ယင်းတိုက်ခိုက်မှုကို ကျူးလွန်သည့် ဓားသမားတစ်ဦးကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေကြောင်း သိရသည်။
ယနေ့( ဇွန် ၂၁ ရက်) နံနက်တွင် ဖြစ်ပွားခဲ့သော ဓားဖြင့်တိုက်ခိုက်မှုအတွင်း လူ တစ်ဦး သေဆုံးပြီး ကျန်နှစ်ဦးမှာ ဒဏ်ရာအသီးသီးရရှိသွားကြောင်း သိရသည်။ Kanagawa စီရင်စု ရဲတပ်ဖွဲ့၏ပြောကြားချက်အရ ဒေသစံတော်ချိန် နံနက် ၁နာရီ၃၅ မိနစ်တွင် တိုက်ခိုက်မှုကျူးလွန်ပြီးနောက် ဓားသမားမှာ အခင်းဖြစ်နေရာမှ ထွက်ပြေးလွတ်မြောက်သွားကြောင်း ဆိုသည်။
ဓားဖြင့် အခုတ်ခံရပြီး သေဆုံးသွားသူမှာ အမျိုးသားတစ်ဦးဖြစ်ကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့၏ပြောကြားချက်အရ သိရသည်။(Xinhua)