Connect with us

Asia

ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်နိုင်ငံက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးပြော

တောင်ကိုရီးယားနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး Kang Kyung-wha အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဆိုးလ် ၊ ဇွန် ၂၁ ရက်(ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Kang Kyung-wha က ကိုရီးယားကျွန်းဆွယ် တည်ငြိမ်ရေး နှင့် လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များတွင် တရုတ်နိုင်ငံအနေဖြင့် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ရန် မျှော်လင့်ကြောင်း ဇွန်လ ၂ဝ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ နိုင်ငံခြားသတင်းဌာနများနှင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် Kang ကအထက်ပါအတိုင်းမှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအန်၏ တရုတ်နိုင်ငံသို့သွားရောက်လည်ပတ်ခဲ့သော ခရီးစဉ်သည် ကိုရီးယားကျွန်းဆွယ်နျူကလီးယားကင်းစင်ရေး ရည်မှန်းချက် နှင့် ငြိမ်းချမ်းရေးတည်ဆောက်မှု ဆိုင်ရာ ကိစ္စရပ်များ ပါဝင်လိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေး နဲ့လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်တွေမှာ တရုတ်နိုင်ငံက အရေးပါတဲ့အခန်းကဏ္ဍက ရှိနေပါတယ်” ဟု Kang က ဆိုသည်။

ပေကျင်းမြို့သို့သွားရောက်ပြီး ဆွေးနွေးခဲ့သည့် မြောက်ကိုရီးယားခေါင်းဆောင်၏ ဆွေးနွေးမှုသည် ကိုရီးယားကျွန်းဆွယ် ထာဝရငြိမ်းချမ်းမှုရရှိအောင် ဆောင်ရွက်ခြင်း နှင့် နျူကလီးယားကင်းစင်ရေးရည်မှန်းချက်ကို အကောင်းအထည်ဖော်ဆောင်ရွက်ခြင်းအတွက် ပူးပေါင်းပါဝင်ရန်ဖြစ်ကြောင်း Kang က မျှော်လင့်ခဲ့သည်။

“ မြောက်ကိုရီးယားခေါင်းဆောင်ကင်ရဲ့ သံတမန်လမ်းကြောင်းသစ် လှုပ်ရှားမှုကနေ နောက်ဆုံးရလဒ်တွေ ဘာတွေ ထွက်ပေါ်ခဲ့လည်းဆိုတာကို ကျွန်တော်တို့အနီးကပ် စောင့်ကြည့်နေပါတယ်” ဟု တောင်ကိုရီးယားနိုင်ငံထိပ်တန်းသံတမန် ကဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.