Asia
တူရကီ အရှေ့တောင်ပိုင်းတွင် ပေါက်ကွဲမှု အကြီးစား တစ်ခု ဖြစ်ပွားခဲ့၍ ၄ ဦးသေ၊ ၁၀ ဦးကျော် ဒဏ်ရာ ရရှိ
အန်ကာရာ၊ မေ ၁၂ ရက် (ဆင်ဟွာ)
တူရကီနိုင်ငံ အရှေ့တောင်ပိုင်း Diyarbakir ပြည်နယ် Hani မြို့ရှိ အိမ်တစ်အိမ် တွင် ပေါက်ကွဲမှု အကြီးစား တစ်ခု ဖြစ်ပွားခဲ့၍ ၄ ဦး သေဆုံးပြီး အနည်းဆုံး ၁၀ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်တွင်း ရုပ်သံလိုင်း NTV က ဖော်ပြခဲ့သည်။
ပေါက်ကွဲမှုသည် မတရား အသင်း ဖြစ်သည့် ကာဒစ်စတန် အလုပ်သမားပါတီ (PKK) အဖွဲ့ဝင်များက ဖောက်ခွဲရေး ပစ္စည်းများ တပ်ဆင် နေစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရုပ်သံလိုင်းက ပြောကြားခဲ့သည်။
ပေါက်ကွဲသံကို ပြည်နယ်အတွင်းရှိ ဒေသ တော်တော်များများကပါ ကြားနိုင်ပြီး အခင်းဖြစ်ပွားရာသို့ အရေးပေါ် လူနာတင်ကားများ စေလွှတ်ပေးခဲ့ကြောင်း Anadolu သတင်းဋ္ဌာနက ပြောကြားခဲ့သည်။
ယင်း ပေါက်ကွဲမှု သည် အဆိုပါနေ့ အစောပိုင်းတွင် လူ ၇ ဦး ဒဏ်ရာ ရရှိခဲ့သည့် စစ်တပ်ပိုင် အဆောက် အအုံနား တွင် ကားဗုံးပေါက်ကွဲမှု အပြီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မေလ ၁၁ ရက်တွင် ရဲတပ်ဖွဲ့များကို ဦးတည် တိုက်ခိုက်ခဲ့သည့် နောက်ထပ် ကားဗုံး တစ်လုံးကြောင့် Diyarbakir ပြည်နယ်တွင် လူသုံးဦး သေဆုံးခဲ့ရသည်။ (Xinhua)