Asia
တောင်ကိုရီးယားနိုင်ငံက မြောက်ကိုရီးယားနိုင်ငံကို ဆန် တန်ချိန် ၅၀,၀၀၀ ထောက်ပံ့ရန်ရှိ

ဆိုးလ်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံက ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှတစ်ဆင့် မြောက်ကိုရီးယားနိုင်ငံသို့ ဆန်တန်ချိန် ၅၀,၀၀၀ ထောက်ပံ့သွားမည်ဖြစ်ကြောင်း ကိုရီးယားနှစ်နိုင်ငံရေးရာထိပ်တန်းတာဝန်ရှိသူ တစ်ဦးဖြစ်သော တောင်ကိုရီးယားနိုင်ငံ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာန ကင်ယုံချူလ် (Kim Yeon-Chul) က ဇွန်လ ၁၉ ရက်တွင် ပြုလုပ်သည့် ရုပ်သံသတင်းစာရှင်းပွဲ၌ ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)