Connect with us

Asia

တောင်ကိုရီးယားနိုင်ငံ သမ္မတအား မြောက်ကိုရီးယားသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြား

မြောက်ကိုရီးယားနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်းက လက်ခံတွေ့ဆုံစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်အား အဆင်ပြေသောအချိန်၌ မြောက်ကိုရီးယားသို့ လာရောက်လည်ပတ်ရန် မြောက်ကိုရီးယားနိုင်ငံ၏ ခေါင်းဆောင် ကင်ဂျုံအန်က ဖိတ်ကြားလိုက်ကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်က အိမ်ပြာတော်မှ ပြောကြားခဲ့သည်။

မြောက်ကိုရီယားနိုင်ငံ ခေါင်းဆောင် ကင်ဂျူံအန်မှ မွန်ထံသို့ ကိုရီးယားနိုင်ငံ အချင်းချင်း ဆက်ဆံရေး တိုးတက်စေလိုသည့် ၎င်း၏ ဆန္ဒအား ဖော်ပြထားသော သဝဏ်လွှာအား ကင်၏ ညီမ ကင်ယိုဂျုံက ပေးအပ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်၏ ပြောခွင့်ရပုဂ္ဂိုလ် Kim Eui-kyeom က ရုပ်မြင်သံကြား သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင်၏ သဝဏ်လွှာတွင် ဖြစ်နိုင်ပါက သမ္မတ မွန်နှင့် အစောဆုံး တွေ့ဆုံရန် ဆန္ဒရှိကြောင်း ဖော်ပြထားသည်။

အဆိုပါ ဖိတ်ကြားမှုအား မွန်နှင့် မြောက်ကိုရီးယားနိုင်ငံရှိ အနိုင်ရပါတီ အလုပ်သမားပါတီ ဗဟိုကော်မတီ၏ ပထမ ဒုတိယ ညွှန်ကြားရေးမှူး ကင်ယိုဂျုံ အပါအင် မြောက်ကိုရီးယား အိုလံပစ် ကိုယ်စားလှယ်အဖွဲ့တို့ အလွတ်သဘော တွေ့ဆုံပွဲအတွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဖိတ်ကြားချက်အပေါ် မွန်က “ရှေ့ဆက်မည့် အခြေအနေများ ဖန်တီးဖော်ဆောင်ကာ လုပ်ဆောင်ကြပါစို့” ဟူ၍ ပြန်လည် တုန့်ပြန်ခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့အား အဆင့်မြင့် ပြည်သူ့လွှတ်တော် (Supreme People’s Assembly) ဥက္ကဋ္ဌ ကင်မ်ယောင်နမ် (Kim Yong Nam) က ဦးဆောင်လာခဲ့ခြင်း ဖြစ်သည်။ သုံးနာရီကြာ ပြုလုပ်သည့် ယင်း အစည်းအဝေးသို့ အမျိုးသား အားကစား လမ်းညွှန်မှုကော်မတီ ဥက္ကဋ္ဌ Choe Hwi ၊ မြောက်ကိုရီးယား ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး ကော်မတီ ဥက္ကဋ္ဌ Ri Son Gwon တို့လည်း တက်ရောက်ခဲ့သည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် ရှစ်နှစ်ခွဲကာလအတွင်း တောင်ကိုရီးယား သမ္မတ အိမ်တော်ဝင်းအတွင်းသို့ ပထမဆုံးအကြိမ် လာရောက်သည့် မြောက်ကိုရီးယား အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့လည်း ဖြစ်သည်။

တောင်ကိုရီးယား သမ္မတ မွန်နှင့် မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ကြား ပြုလုပ်ခဲ့သည့် အစည်းအဝေးသည် အလွတ်သဘောပြုလုပ်ခြင်း ဖြစ်ပြီး မီဒီယာများအား ဝင်ခွင့်မပြုထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.