Connect with us

Asia

တောင်ကိုရီးယား နိုင်ငံ စစ်ဘက်ဆိုင်ရာ က မြောက်ကိုရီးယား နိုင်ငံ မှ တာဝေးပစ် ဒုံးကျည် စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း ပြောကြား

မြောက်ကိုရီးယား နိုင်ငံ မှ လွှတ်တင်ခဲ့သည့် ဒုံးကျည် အားမြင်တွေ့ရစဉ်(ဓာတ်ပုံ-KCNA)

ဆိုးလ် ၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

တောင်ကိုရီးယား နိုင်ငံ စစ်ဘက်ဆိုင်ရာ က ဧပြီလ ၅ ရက်နေ့ ဒေသစံတော်ချိန် နံနက်အစောပိုင်းတွင် ကိုရီးယား ကျွန်းဆွယ် အရှေ့ပိုင်း ပင်လယ်ပြင်သို့ မြောက်ကိုရီးယား နိုင်ငံက ဒုံးကျည် တစ်စင်း ပစ်လွှတ်ခဲ့ပြီး ထိုဒုံးကျည် အမျိုးအစား မှာ တာဝေးပစ် ဒုံးကျည် အမျိုးအစား ဖြစ်နိုင်ကြောင်း ထုတ်ပြန် ပြောကြား ခဲ့သည်။

တောင်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန က တောင်ကိုရီးယား နိုင်ငံ ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားမှု ဌာန ၏ ထုတ်ပြန်ကြေညာချက်ဖြင့် ရေးသား ဖော်ပြခဲ့ရာတွင် မြောက်ကိုရီးယား နိုင်ငံသည် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၀ မိနစ် အချိန်ခန့်တွင် Sinpo မြို့ဒေသတစ်ဝိုက် မှ ပျံသန်းနိုင်သည့် အရာဝတ္ထု တစ်ခုကို ပစ်လွှတ်ခဲ့ပြီး ပစ်လွှတ်ခဲ့သည့် အကွာအဝေး မှာ ၆၀ ကီလိုမီတာ ရှိကာ လက်ရှိချိန်တွင် အမျိုးအစား မသိရှိသေးဘဲ စစ်ဘက်ဆိုင်ရာ အနေဖြင့် ဆက်လက် စုံစမ်းနေကြောင်း ရေးသား ဖော်ပြ ခဲ့သည်။

တောင်ကိုရီးယား နိုင်ငံ စစ်ဘက်ဆိုင်ရာ က မြေက်ကိုးရီးယား နိုင်ငံ မှ ပစ်လွှတ်ခဲ့သည့် အရာဝတ္ထုသည် မြေပြင်မှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး ရေအောက်ရှိ ရေငုပ်သင်္ဘော မှ ပစ်လွှတ်ခဲ့ခြင်း မဖြစ်နိုင်ကြောင်း ပြောကြား ခဲ့သည်။

တောင်ကိုရီးယား နိုင်ငံ အိမ်ပြာတော် မှ အမျိုးသား လုံခြုံရေး ဌာနမှူး Kim Kwan-jin က ယင်းနေ့တွင် အရေးပေါ် လုံခြုံရေး အစည်းအဝေး တစ်ရပ်ခေါ်ယူခဲ့ပြီး ဖြေရှင်းမှု နည်းလမ်း နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.