Connect with us

Asia

တောင်ကိုရီးယား နှင့် မြောက် ကိုရီးယားနိုင်ငံသည် မိသားစု ပြန်လည်တွေ့ဆုံပွဲ အတွက် အသက်ရှင် ကျန်ရစ်သူ နှင့် သေဆုံးသူများ စာရင်း အတည်ပြု စာတမ်းကို နှစ်နိုင်ငံ အပြန်အလှန် လဲလှယ်မည်

တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား ကိုယ်စားလှယ်တို့ စက်တင်ဘာလ အတွင်း တွေ့ဆုံ ဆွေးနွေးခဲ့စဉ် (ဆင်ဟွာ)

ဆိုးလ်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

တောင်ကိုရီးယား (ROK) နှင့် မြောက်ကိုရီးယား (DPRK) နှစ်နိုင်ငံသည် ၁၉၅၀-၅၃ ကိုရီးယား စစ်ပွဲကြောင့် တကွဲတပြားစီ ဝေးကွာသွားသော မိသားစုများအနက် ပြန်လည်တွေ့ဆုံပွဲ တက်ရောက်ရန် လျှောက်ထားသူများ သက်ရှိ ထင်ရှား ရှိမရှိ အတည်ပြုခြင်း စာတမ်းကို တွေ့ဆုံပွဲ မတိုင်မီ နှစ်ပါတ်အလိုတွင် လဲလှယ်မည်ဖြစ်ကြောင်း ဆိုးလ် ပေါင်းစည်းရေး ဝန်ကြီးဌာန မှ တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ဆိုးလ် နှင့် ပြုံယမ်းသည် ကွဲကွာနေသော မိသားစုများ ပြန်လည်တွေ့ဆုံပွဲကို မြောက်ကိုရီးယား နိုင်ငံ ဂွန်ဂန်းတောင် ရှိ Scenic အပန်းဖြေနေရာ တွင် အောက်တိုဘာလ ၂၀ မှ ၂၆ အထိ ပြုလုပ် ပေးမည့် သဘောတူညီချက်သည် သြဂုတ်လ အကုန်ပိုင်းတွင် ပြုလုပ်ခဲ့သည့် နှစ်နိုင်ငံ အဆင့်မြင့် အရာရှိများ ဆွေးနွေးပွဲတွင် နှစ်ဖက်တင်မာမှု ကိုလျှော့ချရန်မ သဘောတူ ညီမှုရရှိပြီး နောက်ပိုင်းတွင် ရရှိခဲ့ခြင်း ဖြစ်သည်။

ပေါင်းစည်းရေး ဝန်ကြီးဌာန မှ ပြောရေးဆိုခွင့်ရှိသူ ဂျုံဂျွန်ဟီး မှ ကိုရီးယား နှစ်နိုင်ငံသည် ယနေ့ နေ့လည် ပိုင်းလောက်တွင် ပြန်လည် အတည်ပြုသည့် စာတမ်းကို လဲလှယ်မည်ဖြစ်ကြပြီး အဆိုပါ စာတမ်းတွင် အများအားဖြင့် အသက် ၈၀ နှင့် ၉၀ ကျော် အရွယ်ရောက်ရှိနေပြီးဖြစ်သော အသက်ရှင်လျက် ကျန်ရှိနေခြင်းရှိမရှိကို လျှောက်ထားသူများ အတည်ပြုထား မည်ဖြစ်ကြောင်း ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဆွေမျိုးများ အသက်ရှင် ကျန်ရစ်ကြောင်းနှင့် တွေ့ဆုံပွဲသို့ တက်ရောက်လိုစိတ်ရှိသည့် လူဦးရေ အတည်ပြုပြီးပါက တောင်ကိုရီးယား (ROK) နှင့် မြောက်ကိုရီးယား နိုင်ငံ (DPRK) သည် ကြာသပတေးနေ့၌ နောက်ဆုံး စာရင်းကို အပြန်အလှန် ပေးအပ်မည်ပြီး အဆိုပါ လူသားချင်း စာနာထောက်ထားမှုပွဲ သို့ လူပေါင်း ၁၀၀ အသီးသီး တက်ရောက် ပါဝင်မည် ဖြစ်ကြောင်း သိရှိရသည်။

ဂျုံဂျွန်ဟီး မှ တောင်ကိုရီးယား (ROK) အဖွဲ့သည် အဟန့်အတား တစ်စုံတစ်ရာ မရှိဘဲ ဂွန်ဂန်းတောင် အပန်းဖြေ နေရာသို့ ပြုပြင်စရာများကို ပြုပြင်နိုင်ရန် အတွက် တနင်္ဂနွေနေ့ က ထွက်ခွာ သွားကြောင်းနှင့် မြောက်ကိုရီးယား (DPRK) မှ လဲ အဆိုပါ တွေ့ဆုံပွဲ အတွက် တက်တက်ကြွကြွ ပါဝင် ထောက်ပံ့ပေးကြောင်း ပြောကြားခဲ့သည်။

ကိုရီးယား စစ်ပွဲကြောင့် ကိုရီးယားလူမျိုး သန်းပေါင်းများစွာသည တကွဲတပြားစီ ဝေးကွာခဲ့ရပြီး ၎င်းပဠိပက္ခ သည် ငြိမ်းချမ်းရေး စာချုပ်ချုပ် ဆိုခြင်းမရှိဘဲ ယာယီစစ်ပြေငြိမ်းမှု ဖြင့်သာ ပြီးဆုံးခဲ့သည်။ နောက်ပိုင်းတွင် တောင်၊ မြောက်နှစ်နိုင်ငံ ပြည်သူချင်း ဆက်သွယ်မှုကိုပါ ပိတ်ပင်ခြင်း ခံခဲ့ကြရသည်။
တောင်ကိုရီးယား (ROK) နိုင်ငံသား ၆၆,၀၀၀ ခန့်သည် မိသားစု ပြန်လည် တွေ့ဆုံပွဲတွင် ပါဝင်ရန် စောင့်ဆိုင်း စာရင်းတွင်ပါဝင် ကြသော်လည်း အရေအတွက် အနည်းငယ်မျှသာ ထိုတွေ့ဆုံပွဲသို့ တက်ရောက်ခွင့် ရကြောင်း သိရသည်။ (Xinhua)