Connect with us

Asia

ထိုင်ဝမ်၌ ဘတ်စ်ကားမှောက် ၊ အနည်းဆုံး ၃၂ ဦးသေ


တိုင်ပေ ၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

ထိုင်ဝမ်၌ ဖေဖော်ဝါရီလ ၁၃ ရက် ညပိုင်းက ခရီးသွား ဘတ်စ်ကားတစ်စင်း တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၃၂ ဦး သေဆုံးသွားကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ဘတ်စ်ကားပေါ်တွင် ယာဉ်မောင်း နှင့် ဧည့်လမ်းညွှန် အပါအဝင် စုစုပေါင်း လူ ၄၄ ဦး လိုက်ပါလာကြောင်း သိရသည်။ ခရီးသည်အများစုမှာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း ဒေသဆိုင်ရာ မီးသတ်ဌာန၏ ပြောကြားချက်အရ သိရသည်။

ထိုင်ဝမ်၌ ဖေဖော်ဝါရီလ ၁၃ ရက် ညပိုင်းက တိမ်းမှောက်သွားသော ဘတ်စ်ကား အပျက်အစီးအားတွေ့ရစဉ် (ဆင်ဟွာ)

သေဆုံးသူများအနက် ၃ဝ ဦးမှာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီး သေဆုံးသွားကြပြီး ကျန်နှစ်ဦးမှာ ဆေးရုံ၌ သေဆုံးခဲ့ခြင်းဖြစ်သည်။ အခြား လူပေါင်း ၁၂ ဦးကိုလည်း ဆေရုံသို့တင်ပို့ထားကြောင်း မီးသတ်ဌာန၏ ပြောကြားချက်အရ သိရသည်။

သေဆုံးသူများတွင် တရုတ်နိုင်ငံ ပြည်မကြီး နှင့် အခြားကမ္ဘာ့နိုင်ငံများမှ ခရီးသွားများ ပါဝင်ခြင်း မရှိကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။Taichung မြို့ရှိ ချယ်ရီပန်းပြပွဲတစ်ခုမှ ပြန်လာစဉ် ဘတ်စ်ကားသည် အရှိန်မထိမ်းနိုင်ဘဲ ဒေသစံတော်ချိန် ည ၉ နာရီ ၆ မိနစ်တွင် အဝေးပြေးလမ်းမပေါ်၌ တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဒေသဆိုင်ရာအာဏာပိုင်များသည် အခင်းဖြစ်ကိစ္စရပ်အပေါ် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက် ရှိကြောင်း သိရသည်။ (Xinhua)