Connect with us

Asia

ထိုင်းနိုင်ငံတွင် ဝက်သက်ရောဂါဖြစ်ပွားမှုကြောင့် ကလေးငယ် ၁၀ ဦးသေဆုံး

ဝက်သက်ရောဂါလက္ခဏာတွေ့ရသည့် ကလေးငယ်တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံတောင်ပိုင်း Yala ပြည်နယ်တွင် ကလေးငယ်များအား ဝက်သက်ရောဂါကာကွယ်ဆေးထိုးရန် အစိုးရ၏ အစီအစဉ်ကို မိဘများက ငြင်းဆန်ခဲ့ပြီးနောက် ကလေးငယ် ၁၀ ဦးသေဆုံးပြီး ၇၂၁ ဦး ရောဂါခံစားခဲ့ရကြောင်း ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးရုံးက အောက်တိုဘာလ ၂၅ ရက်ညနေပိုင်း၌ ပြောကြားခဲ့သည်။

တာဝန်ရှိသူများက ရောဂါဖြစ်သွားသည့်ဒေသများသို့ သွားရောက်ခဲ့ကြပြီး ကာကွယ်ဆေးထိုးခြင်း အစီအစဉ်အား အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးသမားတော် ဒေါက်တာ Songkran Maichum က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတစ်ဝန်း စက်တင်ဘာလက ဝက်သက်ရောဂါဖြစ်ပွားသူ ၂၁၄၉ ဦးရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ကူးစက်ရောဂါ ပျံ့ပွားခြင်းနှင့် ကာကွယ်ခြင်းဗျူရိုက တင်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.