Connect with us

Asia

ဂျပန်နိုင်ငံ တွင် အင်အား ၅.၇ပမာဏရှိ ငလျင်လှုပ်ခတ်၊ ဆူနာမီသတိပေးချက် ထုတ်ပြန်ခြင်းမရှိ

-ငလျင်တိုင်းတာမှု ပုံစံတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုကျို၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ မီယာဂီစီရင်စု ကမ်းရိုးတန်းအလွန်တွင် အောက်တိုဘာ ၁၆ရက်က အင်အား ၅.၇ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသဌာန ကပြောကြားခဲ့သည်။

ငလျင်သည် ဒေသစံတော်ချိန် နံနက် ၃း၃၆နာရီတွင် မြောက်လတ္တီကျု ၃၈.၂ဒီဂရီ၊ အရှေ့လောင်ဂျီကျု ၁၄၂ဒီဂရီ ရှိ မြေပြင်အနက် ၄၀ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

ငလျင်လှုပ်ခတ်မှုကြောင့် ကြီးကြီးမားမား ထိခိုက်ပျက်စီးမှု သတင်းများ ထွက်ပေါ်လာခြင်းမရှိသေးသလို ဆူနာမီသတိပေးချက်လည်းထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.