Asia
ထိုင်းနိုင်ငံတွင် အနိမ့်ဆုံးလစာတိုးမြှင့်ရန် အစီအစဉ်ကို စီးပွားရေးအဖွဲ့များကန့်ကွက်
ဘန်ကောက် ၊ဇူလိုင် ၂၇ ရက်(ဆင်ဟွာ)
ထိုင်းအစိုးရ၏ နေ့စဉ် အနိမ့်ဆုံးလုပ်ခလစာအားတိုးမြှင့်ပေးရန်အစီအစဉ်ကို ထိုင်းစီးပွားရေးအသင်း အဖွဲ့အများစု၏ ကိုယ်စားလှယ်များက ဆန့်ကျင်ခဲ့ကြသည်ဟု ထိုင်းကုန်သွယ်ရေးဘုတ်အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ပို့ဂျ် အရမ်ဝပ်တာနာနွန့် (Poj Aramwattananont) ကဇူလိုင် ၂၆ ရက်ကပြောကြားခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံစီးးပွားကူးသန်းရောင်းဝယ်ရေး ကုန်သည်ကြီးများအသင်း က အစိုးရ၏ နေ့စဉ် အနိမ့်ဆုံးလုပ် ခလစာအားအနည်းဆုံး ဘတ် ၄၀၀ (၁၃ အမေရိကန်ဒေါ်လာခန့်) အထိတိုးမြှင့်သတ်မှတ်ရန်အစီအစဉ် အား သုတေသနပြုလုပ်ခဲ့ခြင်းဖြစ်သည်။ထိုင်းနိုင်ငံပြည်နယ်များမှ စီးပွားကူးသန်းရောင်းဝယ်ရေး ကုန် သည်ကြီးများ အသင်း၊ နိုင်ငံခြားကုန်သည်ကြီးများအသင်း၊ကုန်သွယ်ရေးအဖွဲ့အစည်းများနှင့်လယ်ယာ စိုက်ပျိုးရေး၊စက်မှု၊ဝန်ဆောင်မှုလုပ်ငန်း အဖွဲ့များမှ အဖွဲ့ဝင် ၁,၃၅၅ ဦးအနက် ၉၃ ဒသမ ၉ ရာခိုင်နှုန်း က အဆိုပါအစီအစဉ်ကိုသဘောမတူကြကြောင်း ဒုတိယ ဥက္ကဋ္ဌ ပို့ဂျ် က ပြောကြားခဲ့သည်။
ထို့ပြင်၎င်းက အနိမ့်ဆုံးလုပ်ခလစာ အသစ်တိုးမြှင့်ခြင်းက ထိုင်းနိုင်ငံ၏ဈေးကွက်ပြိုင်ဆိုင်မှုကိုလည်းထိ ခိုက်စေနိုင်ရုံမက တောင်သူလယ်သမားများ၊ခရီးသွားကဏ္ဍနှင့် အလုပ်သမားများစွာလိုအပ်သော လုပ် ငန်းများအတွက်လည်းထိခိုက်မှုရှိနိုင်ကြောင်း ပြောကြားခဲ့သည်။ ထိုမျှမက ထိုင်းနိုင်ငံအမျိုးသားအသား တင်ထုတ်လုပ်မှုတန်ဖိုး၏ ၄၂ ဒသမ ၄ ရာခိုင်နှုန်းရှိသော အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း သုံးသန်းကျော်ကိုလည်းထိခိုက်စေနိုင်ကြောင်းဖြင့် ပို့ဂျ် ကပြောကြားခဲ့သေးသည်။
ထိုင်းစီးပွားရေးအသင်းအဖွဲ့များကလည်း ထိုကဲ့သို့အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်ပါက လုပ်ငန်းများကုန် ကျမှုစရိတ်တိုးတက်လာခြင်း၊ကုန်ပစ္စည်းဈေးနှုန်းများတိုးမြင့်လာခြင်း နှင့် လူနေမှုစရိတ်တိူးမြင့်လာခြင်း စသည့်အခက်အခဲများကို နိုင်ငံစီးပွားရေးပြန်လည်နာလန်မထူနိုင်မီ ကြုံတွေ့ရနိုင်ကြောင်း ပြောကြား ခဲ့ကြသည်။
ပို့ဂျ် က ထိုင်းအစိုးရအနေဖြင့်အောက်ခြေအလုပ်သမားများ၏ အနိမ့်ဆုံးလစာတိုးမြှင့်ပေးရန်အပေါ်အ လေးထားမည့်အစား ၎င်းတို့၏ကျွမ်းကျင်မှုတိုးတက်ဖွံ့ဖြိုးစေရန်ဆောင်ရွက်ပေးခြင်းဖြင့် ၎င်းတို့၏ဝင် ငွေတိုးတက်အောင်ဖန်တီးပေးသင့်ကြောင်းပြောကြားခဲ့သည်။လက်ရှိတွင်ထိုင်းနိုင်ငံ၏ နေ့စဉ်အနိမ့်ဆုံးလုပ်ခလစာမှာ ၃၂၅ ဘတ်(၁၀ ဒသမ ၆ အမေရိကန်ဒေါ်လာ ခန့်) ရှိပြီး ရွေးကောက်ပွဲမဲဆွယ်လှုပ်ရှားမှု၌ အချို့နိုင်ငံရေးပါတီများက ဘတ် ၄၀၀ မှ ၄၂၅ ဘတ်အထိ တိုးမြှင့်ပေးမည်ဟု ကတိပေးခဲ့ကြသည်။ (Xinhua)