Connect with us

Asia

ထိုင်းနိုင်ငံရှိ ဆင်းရဲသား ပြည်သူများအတွက် အစိုးရဘဏ်များက စွန့်ကြဲငွေများ ပေးကမ်း

လယ်ယာလုပ်ငန်းခွင်ဝင်နေကြသည့် ထိုင်း လယ်သမားများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ အစိုးရက တရားဝင် သတ်မှတ်ထားသည့် ဆင်းရဲမွဲတေမှု စာရင်းဝင် ပြည်သူ ၇ သန်းနီးပါးသည် နိုင်ငံ တစ်ဝန်းရှိ အစိုးရ ဘဏ်များမှ ပေကမ်း စွန့်ကြဲငွေများ ရရှိခဲ့ကြောင်း သိရသည်။

ဘဏ္ဍာရေး ဝန်ကြီးဋ္ဌာန စာရင်းအရ တစ်နှစ်လျှင် ဝင်ငွေ ဘတ် ၃၀,၀၀၀ (အမေရိကန် ဒေါ်လာ ၈၅၇ ခန့်) ရရှိသူ မည်သူမဆို ဘတ် ၃,၀၀၀ (အမေရိကန် ဒေါ်လာ ၈၅.၇ ခန့်) အား လည်းကောင်း၊ တစ်နှစ်လျှင် ဝင်ငွေ ဘတ် ၃၀,၀၀၀ ကျော်နှင့် ဘတ် ၁၀၀,၀၀၀ (အမေရိကန် ဒေါ်လာ ၂၈၅၇ ခန့်) အောက် ရရှိသူ မည်သူမဆို ဘတ် ၁၅၀၀ (အမေရိကန် ဒေါ်လာ ၄၂.၈ ခန့်) အားလည်းကောင်း စွန့်ကြဲပေးကမ်းငွေများ အသီးသီး ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးဋ္ဌာန အရာရှိ တစ်ဦး အဆိုအရ အစောပိုင်းက အစိုးရ၏ ထောက်ပံ့ငွေများ ရရှိရန်အတွက် ထိုင်းပြည်သူပေါင်း ၈.၂၇ သန်းခန့်က လျှောက်ထားခဲ့ကြကြောင်း၊ သို့သော်လည်း ပြည်သူ ၆.၉၈ သန်းကသာ စွန့်ကြဲပေးကမ်းငွေ သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိကြောင်း သိရသည်။

ယခုလို အစိုးရ၏ ထောက်ပံ့ငွေများ ပေးကမ်းခြင်းသည် လူထုကြိုက်နှစ်သက်အောင် လုပ်ဆောင်ခြင်း တစ်ခု မဟုတ်ကြောင်းနှင့် နိုင်ငံအတွင်းရှိ အခြေခံ လူတန်းစားများ၏ စီးပွားရေး အခြေအနေ တိုးတက်လာစေရန် ရည်ရွယ်ခြင်းမျှသာ ဖြစ်ကြောင်း ထိုင်း ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက အစောပိုင်း၌ မှတ်ချက်ပြုပြောကြားခဲ့သည်။

ထောက်ပံ့ကြေးငွေ ရရှိရန် ကိုက်ညီသည့် ဆင်းရဲသား ပြည်သူများအနေဖြင့် မွေးမြူရေးနှင့် လယ်ယာစိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု ဘဏ်၊ အစိုးရပိုင် ချွေတာ စုဆောင်ရေး ဘဏ်နှင့် Krung Thai ဘဏ် စသည့် ဘဏ်များတွင် ဒီဇင်ဘာလ ၁၀ ရက်မှစ၍ ယခုလ မကုန်မီအထိ ထုတ်ယူနိုင်ပြီ ဖြစ်ကြောင်း၊ ယင်း ငွေများအား နိုင်ငံ တစ်ဝန်းရှိ ATM စက်များမှ ထုတ်ယူနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.