Connect with us

Asia

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ နိုင်ငံကူးလက်မှတ် ပြန်ပေးရန် အသနားခံစာအား တရားရုံးက ပယ်ချ

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာအား တွေ့ရစဉ် (အင်တာနက်)

ဘန်ကောက်၊ မေ ၂ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ (Thaksin Shinawatra) က ၎င်း၏ နိုင်ငံကူးလက်မှတ် (Passport) အား ပြန်ပေးရန် အသနားခံစာတင်ထားမှုအား ထိုင်း တရားရုံးချုပ်က ပယ်ချလိုက်ကြောင်း၊ ထိုင်းနိုင်ငံ၏ တရားရုံးစနစ်မှာ ယိုယွင်းနေပြီဖြစ်ကြောင်း ၎င်း၏ တွစ်တာအကောင့်တွင် ပြောကြားထားသည်။

ထိုင်းနိုင်ငံ တရားရုံးချုပ်အနေဖြင့် ဗဟို အုပ်ချုပ်မှုဆိုင်ရာတရားရုံး၏ ဆုံးဖြတ်ချက်အား သဘောတူကြောင်း မေလ ၁ ရက်က ပြောကြားခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ထိုင်း အစိုးရက သက်ဆင်၏ နိုင်ငံကူးလက်မှတ် နှစ်ခုကို ရုပ်သိမ်းလိုက်ပြီးနောက် သက်ဆင်က တရားစွဲဆိုမှုအား ဗဟို အုပ်ချုပ်မှုဆိုင်ရာတရားရုံးက ပယ်ချခဲ့သည်။

ကောင်စစ်ရေးရာဌာနက ၎င်း၏ နိုင်ငံကူးလက်မှတ်များအား ၂၀၁၅ ခုနှစ် မေလ ၂၆ ရက်က တရားမဝင် ရုပ်သိမ်းခဲ့ကြောင်း သက်ဆင်က စွပ်စွဲခဲ့သည်။

သက်ဆင်သည် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၎င်း၏ အစိုးရ အာဏာသိမ်းမှု တစ်ခုဖြင့် ဖြုတ်ချခံခဲ့ရသည်။

သက်ဆင်၏ ညီမဖြစ်သူ ယင်လတ်ရှင်နာဝပ်ထရာ (Yingluck Shinawatra) ဦးဆောင်သည့် ၎င်းအား ထောက်ခံသော Pheu Thai ပါတီက ၂၀၁၁ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းမှုတစ်ရပ်ဖြင့်ပင် ဖြုတ်ချခံခဲ့ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.