Connect with us

Asia

တောင်ကိုရီးယားနှင့် ထိစပ်နေသော နယ်စပ်မှ ဝါဒဖြန့်ချိရေး အသံချဲ့စက်များကို မြောက်ကိုရီးယား ဖယ်ရှား

တောင်ကိုရီးယားနိုင်ငံ နယ်စပ်ရှိ ဝါဒဖြန့်ချိရေး အသံချဲ့စက်တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ မေ ၂ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံသည် လွန်ခဲ့သော ရက်သတ္တပတ်တွင် ကျင်းပခဲ့သော ကိုရီးယား ၂နိုင်ငံ ထိပ်သီးညီလာခံ အပြီး ကြေညာခဲ့သည့် ပန်မွန်ဂျုံကြေညာစာတမ်းကို ကျင့်သုံးနိုင်ရန် တောင်ကိုရီးယားနိုင်ငံ နှင့် ထိစပ်လျက်ရှိသော နယ်စပ်ဧရိယာ မှ ဝါဒဖြန့်ချိရေး အသံချဲ့စက်များကို ဖယ်ရှားနေပြီဖြစ်ကြောင်း တောင်ကိုရီးယား စစ်တပ်၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းသတင်း၌ မေ ၁ရက်တွင်ဖော်ပြခဲ့သည်။

အမည်မဖော်လိုသူ တောင်ကိုရီးယား စစ်တပ်အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းသတင်း က နယ်စပ်ဧရိယာများမှ အသံချဲ့စက်များအား မေ ၁ရက် အစောပိုင်းတွင် ပြန်ဆွဲယူသွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် တောင်ကိုရီးယားနိုင်ငံအား စိတ်ပိုင်းဆိုင်ရာ အရ စစ်ဆင်ရေးပြုလုပ်ရန် လုံခြုံရေးထူထပ်စွာချထားသော နှစ်နိုင်ငံ နယ်စပ်တွင် အသံချဲ့စက် ၄၀ခန့်ကို အသေ တပ်ဆင်ထားခြင်း ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယား စစ်တပ်ကလည်း ရွေ့လျားနိုင်သော အသံချဲ့စက် များ နှင့် အသေတပ်ဆင်ထားသော အသံချဲ့စက် ၄၀ခန့်ကို ဒေသစံတော်ချိန် မွန်းလွဲ ၂နာရီမှ စ၍ ဖယ်ရှားရန် စီစဉ်ထားခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ ၏ အသံချဲ့စက်ဖြင့် မြောက်ကိုရီးယား ဆန့်ကျင်ရေး ဝါဒများ ထုတ်လွှင့်မှု ကို တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်း တို့ တွေ့ဆုံမည့် ထိပ်သီးညီလာခံ မတိုင်ခင် ဧပြီ ၂၃ရက်တွင် ရပ်နားခဲ့ကြောင်း သိသည်။

ပန်မွန်ဂျုံ နယ်စပ် ရွာတွင် သုံးကြိမ်မြောက် ကိုရီးယား နှစ်နိုင်ငံ ထိပ်သီးညီလာခံ ကျင်းပအပြီး မွန် နှင့် ကင် တို့သည် ပန်မွန်ဂျုံကြေညာစာတမ်းကို လက်မှတ်ရေးထိုးကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါ ကြေညာစာတမ်းအရ နှစ်နိုင်ငံ ခေါင်းဆောင်များသည် ဝါဒဖြန့်ချိရေး ထုတ်လွှင့်မှုများ၊ စာရွက်များ ဖြန့်ဝေမှုများ အပါအဝင် ရန်လိုသော လုပ်ဆောင်ချက်များကိုရပ်တန့်ပြီး ၁၉၅၀-၅၃ခုနှစ် ကိုရီးယားစစ်ပွဲ အပြီး ကိုရီးယားနိုင်ငံအား နှစ်ခြမ်းကွဲသွားစေသည့် စစ်ရေးအရပိုင်းခြားထားသည့် လိုင်း (MDL) အနီးဧရိယာများ ရှိ ကိရိယာများအား ဖယ်ရှားသွားရန် သဘောတူညီခဲ့ကြောင်း သိရသည်။ ၎င်းတို့သည် MDL အား အမှန်တကယ် ငြိမ်းချမ်းရေးဇုန်အဖြစ် ပြောင်းလဲရန် သဘောတူညီခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.