Asia
ထိုင်းနိုင်ငံ အပန်းဖြေမြို့ဖြစ်သော ပတ္တယား မြို့ ၏ ဟိုတယ်တစ်ခု မီးလောင်မှုတွင် လူ ၄၀၀ အား ကယ်ဆယ်နိုင်ခဲ့

ဘန်ကောက်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ ၏ လူသိများသော ပတ္တယားအပန်းဖြေစခန်းမြို့ ရှိ တည်းခိုခန်းတစ်ခုတွင် ဒီဇင်ဘာလ ၆ ရက်ကဆိုးရွားသည့်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ နောက် လူ ၄၀၀ ခန့် ကယ်တင်ခဲ့ရကြောင်း သိရသည်။
ပတ္တယားမြို့ရှိ Holiday Inn Hotel မှ စတင်၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ မှတ်တမ်းအရ သိရသည်။
နိုင်ငံခြားသားခရီးသွားဧည့်သည်များ၊ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ နှင့် ကိုယ်လက်အင်္ဂါမသန်စွမ်းသူများ အား အရာရှိများနှင့် စေတနာ့ဝန်ထမ်းများက လူ ၄၀၀ ဝန်းကျင်ရှိ ဧည့်သည်နှင့်ဝန်ထမ်းများအား ဘေးလွတ်ရာသို့ ကယ်တင်နေစဉ်အတွင်း မီးသတ်သမားများ က မီးသတ်ပိုက်များ ဖြင့် မိနစ် ၃၀ ကြာ ငြိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
ရဲတပ်ဖွဲ့အနေဖြင့် မီးလောင်မှုဖြစ်စဉ် နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။ (Xinhua)