Connect with us

Asia

ထိုင်း တော်ဝင် မင်းသမီးကို ဝန်ကြီးချုပ်လောင်း အဖြစ် တရားဝင် အမည်စာရင်း တင်သွင်း

ထိုင်းတော်ဝင် မင်းသမီး အူဘိုလ်ရာတာနာ မဟီဒေါအား အမည်စာရင်း တင်သွင်းမှုအား တွေ့ ရစဉ်(ဓာတ်ပုံ - အင်တာနက်)

ဘန်ကောက် ၊ ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ)

ထိုင်းတော်ဝင် မင်းသမီး အူဘိုလ်ရာတာနာ မဟီဒေါ(Ubolratana Mahidol)ကို ထိုင်း Raksa Chart ပါတီက ၎င်းတို့ပါတီ၏ ဝန်ကြီးချုပ်လောင်း အဖြစ် ယနေ့တွင် အမည်စာရင်း တင်သွင်း လိုက်ကြောင်း သိရသည်။

နိုင်ငံရေး ပါတီများသည် ၎င်းတို့၏ ဝန်ကြီးချုပ်လောင်း စာရင်းများကို ရွေးကောက်ပွဲ ကော်မရှင် ထံသို့ ယနေ့ နောက်ဆုံးထား၍ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ထိုင်းမင်းသမီး အူဘိုလ်ရာတာနာ သည် ယခင် ထိုင်းဘုရင် ဘူမီဘော အဒူလျာဒတ်(Bhumibol Adulyadej) ၏ အကြီးဆုံး သမီး ဖြစ်ပြီး ယခု ထိုင်းဘုရင် ထိုင်းနိုင်ငံ ဘုရင် မဟာ ဗီဂျီရာလောင်ကွန်း(Maha Vajiralongkorn) ၏ အစ်မတော် ဖြစ်သည်။

အဆိုပါ ထိုင်းမင်းသမီးသည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားမှုများ နှင့် ပရဟိတ လုပ်ငန်းများတွင် ပါဝင်သူ တစ်ဦး ဖြစ်ပြီး လူမှုရေး နှင့် ကျန်းမာရေး ကဏ္ဍ မြင့်တင် ဆောင်ရွက်လျက် ရှိသူ ဖြစ်ကြောင်း သိရသည်။ထိုင်းနိုင်ငံ၌ လွှတ်တော် အမတ်များ ရွေးကောက် တင်မြှောက်နိုင်ရန် အထွေထွေ ရွေးကောက်ပွဲအား မတ်လ ၂၄ ရက်တွင် ကျင်းပ သွားမည် ဖြစ်ပြီး ယင်းမှာ ၂၀၁၄ ခုနှစ်တွင် ထိုင်းစစ်တပ်မှ အာဏာ သိမ်းယူပြီး နောက်ပိုင်း ပထမဆုံး အကြိမ် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ထိုင်းဝန်ကြီးချုပ်နေရာ အတွက် ရွေးကောက်ခံ ကိုယ်စားလှယ် ၅၀၀ ဦး နှင့် အာဏာရ အမျိုးသား ငြိမ်းချမ်းရေး နှင့် ငြိမ်ဝပ် ပိပြားရေး ကောင်စီ တို့မှ ရွေးချယ်ထားသည့် အထက် လွှတ်တော် အမတ် ၂၅၀ ဦးတို့ပူးပေါင်း၍ မဲပေး ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)