Connect with us

Asia

နိုင်ငံရေးတွင် တော်ဝင် မင်းသမီး ပါဝင်ရန် မသင့်လျော်ဟု ထိုင်းဘုရင် ပြောကြား

ထိုင်းနိုင်ငံ ဘုရင် မဟာ ဗီဂျီရာလောင်ကွန်း ကို အခမ်းအနား တစ်ခုတွင် တွေ့ ရစဉ်(ဆင်ဟွာ)

ဘန်ကောက် ၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘုရင် မဟာ ဗီဂျီရာလောင်ကွန်း(Maha Vajiralongkorn)က ၎င်း၏ အကြီးဆုံး အစ်မ ဖြစ်သူ မင်းသမီး အူဘိုလ်ရာ တာနာ မဟီဒေါ(Ubolratana Mahidol)သည် တော်ဝင် မိသားစုဝင် တစ်ယောက် ဖြစ်သည့် အတွက် နိုင်ငံရေး နယ်ပယ်တွင် ဝင်ရောက်ရန် မသင့်လျော်ဟု ဖေဖော်ဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည်။

ထိုင်းမင်းသမီး အူဘိုလ်ရာ တာနာ သည် ၁၉၇၂ ခုနှစ် တွင် တော်ဝင် ဘွဲ့ထူးများကို စွန့်လွှတ်ခဲ့သော်လည်း ၎င်းသည် နတ်ရွာစံ သွားသော ထိုင်းဘုရင် ဘူမီဘော အဒူလျာဒတ် (Bhumibol Adulyadej) နှင့် မိဖုရားကြီး သီရိခေတ် (Sirikit) တို့၏ အကြီးဆုံး သမီးတော် ဖြစ်ပြီး လက်ရှိ ဘုရင် နှင့် အခြား မင်းသားများ၏ အကြီးဆုံး အစ်မတော် ဖြစ်၍ တော်ဝင် မိသားစုဝင် တစ်ဦး အဖြစ် ရှိနေသေးကြောင်း ရုပ်မြင်သံကြားမှ ထုတ်ပြန်သော တော်ဝင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံရေး နယ်ပယ်တွင် ရာထူး မြင့်မားသည့် တော်ဝင် မိသားစုဝင် ပါဝင်ခြင်းသည် တော်ဝင် အစဉ်အလာ နှင့် ထိုင်းယဉ်ကျေးမှု တို့နှင့် ဆန့်ကျင်ပြီး မသင့်လျော်သည့် လုပ်ရပ် အဖြစ် မှတ်ယူကြောင်း ဖော်ပြထားသည်။ဘုရင် နှင့် ပတ်သက်၍ ယခင် ဖွဲ့စည်းပုံ အခြေခံ အားလုံး နှင့် လက်ရှိ ဖွဲ့စည်းပုံ အခြေခံ တို့တွင် အခန်း တစ်ခု ပြဌာန်း ပါရှိပြီး ဘုရင်သည် အများပြည်သူ ရိုသေ လေးစားပြီး ဘုရင် အဖြစ် ဦးထိပ်ထားသည့် နေရာတွင် သာ ရှိနေသင့်ပြီး စည်းမျဉ်း စည်းကမ်း များကို မချိုးဖောက်သင့်ဟု ပါဝင်ကြောင်း တော်ဝင် ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

ထိုစည်းမျဉ်းအား ဘုရင် နှင့် မိဖုရား အပါအဝင် ထီးနန်း ဆက်ခံပိုင်ခွင့် ရှိသူ နှင့် အခြား တော်ဝင် မိသားစုဝင်တိုင်း လိုက်နာ သင့်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြခဲ့သည်။ထိုကြောင့် တော်ဝင် မိသားစုဝင်များသည် ကြားနေ အဖြစ် နေသင့်ပြီး မည်သည့် နိုင်ငံရေး ရာထူးကိုမျှ မယူသင့်ဟု ကောက်ချက် ချနိုင်ကြောင်း သို့မဟုတ်လျှင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ စည်းမျဉ်းခံ ဘုရင် စနစ်အား ဆန့်ကျင်လိမ့်မည် ဖြစ်ကြောင်း သိရသည်။

ထိုင်းမင်းသမီး အူဘိုလ်ရာ တာနာ သည် မတ်လ ၂၄ ရက်တွင် ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ရာထူး အတွက် ဖေဖော်ဝါရီ ၈ ရက်တွင် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်းအား လက်ခံခဲ့သည်။ထိုင်းမင်းသမီးသည် ၁၉၇၂ ခုနှစ်တွင် နိုင်ငံခြားသားတစ်ဦး နှင့် လက်ထပ်ခဲ့ပြီး တော်ဝင် ရာထူးအား စွန့်လွှတ်ကာ သာမန် အရပ်သူ တစ်ဦး ဖြစ်လာခဲ့ပြီးနောက် ထိုင်း Raksa Chart ပါတီ ခေါင်းဆောင် Preechaphol Pongpanit က ရွေးကောက်ပွဲ ကော်မရှင်ထံသို့ဝန်ကြီးချုပ် နေရာအတွက် ပါတီ၏ တစ်ဦးတည်း ကိုယ်စားလှယ် အဖြစ် မင်းသမီး၏ အမည်ကို တင်ပြခဲ့ကြောင်း သိရသည်။

ထိုင်းမင်းသမီးသည် နိုင်ငံရေး နယ်ပယ်တွင် ပါဝင်ခွင့် ရရှိရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အခွင့်အရေး နှင့် အရပ်သား တစ်ဦး၏ လွတ်လပ်ခွင့် တို့ကို ကိုးကား၍ ၎င်းကိုယ်တိုင် သာမန် အရပ်သူ တစ်ဦး အဖြစ် သတ်မှတ်ထားပြီး ဖြစ်ကြောင်း ဖေဖော်ဝါရီ ၈ ရက်က လူမှုကွန်ရက်တွင် ရေးသား ဖော်ပြခဲ့ကြောင်း သိရသည်။(Xinhua)