Connect with us

Asia

ဒါကာတိုက်ခိုက်မှုတွင် အီတလီ ၉ ဦး ၊ ဂျပန် ၇ ဦး ၊ ဘင်္ဂလာဒေရှ့်၂ ဦး၊ အမေရိကန် ၁ ဦး နှင့် အိန္ဒိယနိုင်ငံသား ၁ ဦး သေဆုံးကြောင်း သိရ

ဒါကာတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် တိုက်ခိုက်ခံရသည့်မိသားစုဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)

ဒါကာ ၊ ဂျူလိုင် ၃ ရက်(ဆင်ဟွာ)

ဘင်္ဂလားဒေရှ့်နိုင်ငံ ဒါကာမြို့၌ နိုင်ငံခြားသားများထူထပ်သော ရပ်ကွက်တစ်ခုအတွင်းရှိ စပိန် စားသောက်ဆိုင် တစ်ခု တိုက်ခိုက်ခံရမှုတွင် အီတလီ နိုင်ငံသား ကိုးဦး ၊ ဂျပန်နိုင်ငံသား ခုနှစ်ဦး ၊ဘင်္ဂလားဒေရှ့်နိုင်ငံသားနှစ်ဦး ၊ ဘင်္ဂလားဒေရှ့်နွယ်ဖွာ အမေရိကန်နိုင်ငံသား တစ်ဦး နှင့် အိန္ဒိယနိုင်ငံသား အမျိုးသမီး တစ်ဦး တို့ သေဆုံးသွားကြကြောင်း သိရသည်။

ယင်း သေဆုံးမှုနှင့်ပတ်သက်ပြီး ဘင်္ဂလားဒေရှ့်နိုင်ငံ စစ်တပ်၏ ပြည်တွင်း ပြည်သူ့ဆက်ဆံရေးဌာန(ISPR) မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ ဇူလိုင် ၂ ရက်တွင် အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။
ဇွန်လ ၁ ရက် ညပိုင်းတွင်ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုအတွင်း သေဆုံးသူ စုစုပေါင်း ၂ဝ ဦးထိ ရှိကြောင်း ၎င်းအရာရှိကဆိုသည်။ သေဆုံးသူများတွင် အမျိုးသား ၁ဝ ဦး နှင့် အမျိုးသမီး ၁ဝ ဦးပါဝင်ကြောင်း အမည်မဖော်လိုသူအရာရှိက ဖြည့်စွက်ပြောကြားခဲ့သည်။
ထို့ပြင် ဘင်္ဂလားဒေရှ့်ရဲအရာရှိ နှစ်ဦးမှာလည်း ဓားများ ၊ သေနတ်များ နှင့် ဗုံးများ ကိုင်ဆောင်ထားသော အကြမ်းဖက်သမား ခုနှစ် ဦး၏ အစောပိုင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရကြောင်း သိရသည်။

ဒါကာတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် တိုက်ခိုက်ခံရသည့်မိသားစုဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)

ဘင်္ဂလားဒေရှ့်နိုင်ငံ ဒါကာမြို့ရှိ နိုင်ငံခြား သံတမန်များအသွားအလာများသည့် နေရာ၌ ဖွင့်လှစ်ထားသော စပိန်စားသောက်ဆိုင် တိုက်ခိုက်ခံရမှုတွင် အကြမ်းဖက်သမားများသည် ဓားစားခံများအား ၁၃ နာရီကျော် ဖမ်းဆီးထားကြောင်း ၊ ဘင်္ဂလားဒေရှ့်နိုင်ငံ၏ အရှည်ကြားဆုံး ဓားစားခံများ အဖမ်းခံရသည့် အကျပ်အတည်းတစ်ခုဖြစ်ကြောင်း နှင့် ၎င်းအကျပ်အတည်းအား မိုးကြိုးစစ်ဆင်ရေး(Thunderbolt) ဖြင့် အဆုံးသတ်ခဲ့ရကြောင်း အမည်မဖော်လိုသူအရာရှိက ဆိုသည်။
အိုင်အက်စ်အကြမ်းဖက်အဖွဲ့က ဇွန် ၁ရက် ညပိုင်း ၊ ဒါကာတိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ကြေညာထားသော်လည်း ဘင်္ဂလားဒေရှ့်ရဲတပ်ဖွဲ့က အတည်ပြုထားခြင်း မရှိသေးပါ။ အဆိုပါ တိုက်ခိုက်မှုအတွင်း အဆင့်မြင့်ရဲအရာရှိ တစ်ဦးအပါအဝင် အနည်းဆုံး လူပေါင်း ၄ဝ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.