Connect with us

Asia

ဒါကာမြို့ရှိ စားသောက်ဆိုင် တိုက်ခိုက်ခံရမှုတွင် သေနတ်သမား ၆ ဦး သေဆုံး၊ ဓားစာခံ ၁၃ ဦးအား ကယ်တင်နိုင်ခဲ့

ဒါကာမြို့ရှိ အဆင့်မြင့် စားသောက်ဆိုင် တိုက်ခိုက်မှုတွင် ဒဏ်ရာရရှိသည့် ရဲအား တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာရှိ Holery Artisan Bakery အဆင့်မြင့် စားသောက်ဆိုင် တစ်ခု၌ ဇူလိုင်လ ၂ ရက် နံနက်ပိုင်းက သေနတ်သမားများ တိုက်ခိုက်ခြင်းအား ရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်းပြီးနောက် သေနတ်သမား ၆ ဦး သေဆုံးကာ ဖမ်းဆီးထားသည့် ဓားစာခံ ၁၃ ဦးအား ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာ နေရာ၌ သေနတ်ပစ်ခတ်သံများ၊ ကျယ်လောင်သည့် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက် ဒေသ စံတော်ချိန် နံနက် ၈း၀၀ နာရီခန့်တွင် ဘင်္ဂလားဒေ့ရှ် လုံခြုံရေး တပ်ဖွဲ့များ ပူးတွဲပါဝင်သည့် စစ်ဆင်ရေးကို စတင်ခဲ့ပြီး ဖမ်းဆီးခံထားရသည့် ဓားစာခံများအား ကယ်ဆယ်ခဲ့သည်။
အဆိုပါ စစ်ဆင်ရေးအား ရေတပ် ကွန်မန်ဒိုများနှင့် ရဲတပ်ဖွဲ့များ၊ ခြေလျင်တပ်ရင်းနှင့် နယ်စပ် လုံခြုံရေး တပ်ဖွဲ့ ဝင်များဖြင့် ပူးတွဲ လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

ဒါကာမြို့ရှိ အဆင့်မြင့် စားသောက်ဆိုင်အား သေနတ်သမားများက တိုက်ခိုက်မှုအား တွေ့ရစဉ် (ဆင်ဟွာ)

သေနတ်သမားများသည် ဒါကာမြို့ သံတမန် ရပ်ကွက်ဖြစ်သော Gulshan သို့ ဇူလိုင်လ ၁ ရက် ညပိုင်းက စီးနင်း တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုတွင် ရဲအရာရှိ နှစ်ဦး သေဆုံးကာ အဆင့်မြင့် ရဲအရာရှိ ၂ ဦး အပါအဝင် အနည်းဆုံး လူ ၄၀ ခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အိုင်အက်စ်အဖွဲ့က ယင်း တိုက်ခိုက်မှုသည် ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားထားသော်လည်း ယင်းသတင်းနှင့် စပ်လျဉ်း၍ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က အတည်မပြုထားပေ။

ဖမ်းဆီးခံခဲ့ရသည့် ဓားစာခံများထဲတွင် အီတာလီ၊ သီရိလင်္ကာနှင့် ဂျပန် လူမျိုးများလည်း ပါဝင်ကြောင်း သိရ သည်။

သတင်းရင်းမြစ် အဆိုအရ ဖမ်းဆီးခံထားရသည့် Jama’at-ul-Mujahideen Bangladesh (JMB) ခေါင်းဆောင် အား ပြန်လွှတ်ပေးရန် သေနတ်သမားများက တောင်းဆိုခဲ့ကြောင်း သိရသည်။

JMB ဆိုသည်မှာ အိုင်အက်စ် လှုံ့ဆော်ရေးအဖွဲ့ တစ်ခုဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ခရိုင် ၆၄ ခုအနက် ၆၃ ခုတွင် ဖောက်ခွဲမှုများ လုပ်ဆောင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.