Connect with us

Asia

နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောက်ရန် ကမ္ဘာ့ဘဏ်က အိန္ဒိယ နိုင်ငံအား ဒေါ်လာ တစ်ဘီလံယံ ချေးပေး

အိန္ဒိယနိုင်ငံ၌ နေရောင်ခြည်စွမ်းအင် ထုတ်လုပ်ပေးသည့် ဆိုလာပြား တပ်ဆင်ထားမှုကို တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ ၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၌ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန်အတွက် ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ တစ်ဘီလီယံကို အတိုးဖြင့် ချေးငှားပေးမည်ဟု ပြည်တွင်းမီဒီယာများက ဇူလိုင်လ ၁ ရက်တွင် သတင်း ဖော်ပြသည်။

အဆိုပါ စီမံကိန်းအတွက် ဆိုလာအမိုးပြား နည်းပညာ တီထွင်ခြင်း ၊ ဆိုလာ အခြေခံ အဆောက်အအုံ ဖန်တီးခြင်း၊ ဆိုလာနည်းပညာဆိုင်ရာ စွန့်ဦး တီထွင်ခြင်း ၊ ဟိုက်ဘရစ် နည်းပညာဈေးကွက် ဖော်ဆောင်ခြင်းနှင့် နေရောင်ခြည် စွမ်းအင်သုံး ပြည်နယ်များ အတွက် လျှပ်စစ်ဓာတ်အား သွယ်တန်းခြင်းစသည့် ပြင်ဆင်မှုများကို ပြုလုပ်နေကြောင်း The Hindu နေ့စဉ် သတင်းစာက ဆိုသည်။
၎င်းချေးငွေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံထဲမှ ၆၂၅ သန်းကို နေရောင်ခြည်စွမ်းအင် ၄ဝ မဂ္ဂဝါဝပ် ထုတ်ပေးနိုင်မည့် ဆိုလာအမိုးပြား တည်ဆောက်ရေးတွင် အသုံးပြုသွားရန် သဘောတူညီချက်တွင် ထည့်သွင်းထားကြောင်း သတင်းစာက ဆိုသည်။
အဆိုပါ သဘောတူညီမှု စာချုပ်ကို အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီနှင့် ကမ္ဘာ့ဘဏ်အုပ်စု ဥက္ကဋ္ဌ Jim Yong Kim တို့က လက်မှတ် ရေးထိုးခဲ့ကြသည်။
“စွမ်းအင် ဖြည့်တင်းရေး အတွက် ဝန်ကြီးချုပ် မိုဒီကို တတ်စွမ်းသလောက် ကူညီဖို့ ကတိပြုထားပါတယ်။ အထူးသဖြင့် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးမှာပေါ့” ဟု မိုဒီနှင့် တွေ့ဆုံမှု အပြီး သတင်းစာ ရှင်းလင်းပွဲ၌ Kim က ပြောကြား ခဲ့သည်။
ထို့ပြင် ကမ္ဘာကြီး ပူနွေးလာခြင်းကို တားဆီးရေး ကြိုးပမ်းချက်နှင့် ပြင်သစ်နိုင်ငံပါရီမြို့၌ သဘောတူ လက်မှတ် ရေးထိုးထားသည့် COP21 ကို ဦးဆောင်ဦးရွက် အကောင်အထည် ဖော်သူအဖြစ် အိန္ဒိယနိုင်ငံကို ချီးကျူးကြောင်း ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.