Connect with us

Asia

နီပေါနိုင်ငံ တောင်ပိုင်းတွင် လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၂၅ ဦး သေဆုံး

ဒဏ်ရာရသူများ ဆေးကုသရန် စောင့်ဆိုင်းနေစဉ်(ဆင်ဟွာ)

ခတ္တမန္ဒူ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံတောင်ပိုင်းတွင် မတ်လ ၃၁ ရက် ညပိုင်းက လေပြင်းမုန်တိုင်းတိုက်ခတ်ပြီး မိုးချုန်း လျှပ်စီးလက်မှုများဖြစ်ပွားခဲ့ရာ လက်ရှိတွင် သေဆုံးသူ အနည်းဆုံး ၂၅ ဦးရှိပြီး လူ ၄၀၀ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လေပြင်းမုန်တိုင်းသည် မတ် ၃၁ ရက် ဒေသစံတော်ချိန် ည ၇ နာရီကျော်တွင် စတင်ခဲ့ခြင်းဖြစ်ရာ တစ်နာရီခန့်ကြာမြင့်ခဲ့ကြောင်း ဒေသခံမီဒီယာများ၏ သတင်းများအရ သိရသည်။ မုန်တိုင်းကြောင့် လူသူသေဆုံးဒဏ်ရာရမှုများဖြစ်ပွားခဲ့သည့်အပြင် နေအိမ်နှင့်မော်တော်ယာဉ် အမြောက်အမြား ပျက်စီးခဲ့ကြောင်း သိရသည်။

မတ် ၃၁ ရက် ညပိုင်းက နီပေါနိုင်ငံ တောင်ပိုင်းတွင်ဖြစ်ပွားသည့် ဆိုးဝါးသည့်ရာသီဥတုကြောင့် အနည်းဆုံး လူ ၂၅ ဦးသေဆုံးပြီး လူ ၄၀၀ ဒဏ်ရာရရှိခဲ့ကြောင်း နီပေါနိုင်ငံ ဝန်ကြီးချုပ် K.P. Sharma Oliက လူမှုမီဒီယာတစ်ခုတွင် ပြောကြားခဲ့သည်။လက်ရှိ Bara ခရိုင်တွင် သေဆုံးသူ ၂၃ ဦး ရှိပြီး Parsaခရိုင်တွင် သေဆုံးသူ ၂ ဦးရှိပြီဖြစ်ကြောင်း နီပေါနိုင်ငံပြည်ထဲရေးဝန်ကြီးဌာန အတွင်းဝန် Raiက ဆိုသည်။ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်လု လုပ်ဆောင်လျက်ရှိရာ သေဆုံးသူအရေအတွက် တိုးလာနိုင်ဖွယ်ရှိကြောင်း၊ စစ်တပ်မှ စစ်လေယာဉ်များဖြင့် ဘေးဒဏ်သင့် နေရာများကို ကူညီကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.