Connect with us

Asia

နီပေါနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဂီရီ ကွယ်လွန်

နီပေါနိုင်ငံဝန်ကြီးချုပ်ဟောင်း တူလ်ဆီ ဂီရီ (Tulsi Giri) အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ခတ္တမန္ဒူ၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံဝန်ကြီးချုပ်ဟောင်း တူလ်ဆီ ဂီရီ (Tulsi Giri) (၉၂နှစ်) သည် ဒီဇင်ဘာ ၁၈ ရက်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

ဂီရီ သည် အသည်းကင်ဆာရောဂါကို ကာလရှည်စွာ ခံစားခဲ့ပြီးနောက် မြို့တော် ခတ္တမန္ဒူမြို့ Budhanilkantha ရှိ ၎င်း၏ နေအိမ်၌ ကွယ်လွန်သွားခဲ့ကြောင်း ၎င်း၏ မိသားစုကပြောကြားခဲ့သည်။

၎င်းကွယ်လွန်ုခြင်းအတွက် နီပေါနိုင်ငံ ဝန်ကြီးချုပ် ကေပီ ရှာမာအိုလီ (KP Sharma Oli) နှင့် နိုင်ငံရေးပါတီများစွာမှ ထိပ်တန်းခေါင်းဆောင်များသည် ဒီဇင်ဘာ ၁၈ရက်က ဝမ်းနည်းကြေကွဲရပါကြောင်း ပြောကြားခဲ့ကြသည်။

ဂီရီသည် နီပေါနိုင်ငံ ၏ နိုင်ငံရေးလောက တွင် ၁၉၆၀ခုနှစ်မှ ၂၀၀၅ခုနှစ်အထိ ပါဝင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.