Connect with us

Asia

ပန်မွန်ဂျုံတွေ့ဆုံဆွေးနွေးပွဲ အထူးအားရကျေနပ်ဖွယ်ကောင်းကြောင်း မြောက်ကိုရီးယား သတင်းမီဒီယာ ဖော်ပြ


ပြုံယမ်း၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယား-အမေရိကန် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့၏ ဇွန် ၃၀ ရက် ပန်မွန်ဂျုံတွေ့ဆုံဆွေးနွေးပွဲမှာ အထူးကျေနပ်အားရဖွယ်ကောင်းကြောင်း၊ နှစ်ဦးနှစ်ဖက်စလုံးမှ အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးမှုများ ပြန်လည်တွန်းအားပေးလုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြောင်း မြောက်ကိုရီးယား ဗဟိုသတင်းအေဂျင်စီ(KCNA)က ဇူလိုင် ၁ ရက်တွင် ဖော်ပြခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယား-အမေရိကန် နှစ်နိုင်ငံအကြား အနာဂတ်တွင် ဆက်လက်၍ နီးကပ်သည့် ဆက်ဆံရေးထားရှိပြီး မြောက်ကိုရီးယား ကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးနှင့် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်စေရန် ကဏ္ဍသစ်တစ်ရပ်ကို ဖွင့်လှစ်ကာ အပြုသဘောဆောင်သည့် တွေ့ဆုံ ဆွေးနွေးမှုများ ပြန်လည်တွန်းအားပေးဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။

ကင်ဂျုံအန်းသည် ထရမ့်၏ ကမ်းလှမ်းချက်အရ ပန်မွန်ဂျုံတွင် သမိုင်းဝင်လျှပ်တစ်ပြက်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း ၊ ၎င်းတွေ့ဆုံဆွေးနွေးမှုမှာ သမိုင်းကိုကျော်လွှားသည့် ရာစုနှစ် တွေ့ဆုံပွဲတစ်ခုဖြစ်ကြောင်း ၊ နှစ်နိုင်ငံခေါင်းဆောင်၏ ရဲရင့်စွာ ဆုံးဖြတ်မှုကြောင့် ယခုတွေ့ဆုံဆွေးနွေးပွဲသည် အပြန်အလှန်ရန်လိုမှုအမြင်ရှိသည့် နိုင်ငံ နှစ်နိုင်ငံသည် သမိုင်းတွင် မကြုံဖူးသည့် ယုံကြည်မှုရှိသော အံ့ဖွယ်ကိစ္စရပ် ဖြစ်လာကြောင်း မြောက်ကိုရီးယား ဗဟိုသတင်းအေဂျင်စီ(KCNA)က ဆိုသည်။

အမေရိကန် သမ္မတ ထရမ့်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းတို့ ဇွန် ၃၀ ရက်က ပန်မွန်ဂျုံ၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

အမေရိကန် သမ္မတ ထရမ့်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းတို့ ဇွန် ၃၀ ရက်က ပန်မွန်ဂျုံ၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

ဇွန် ၃၀ ရက် ညနေပိုင်းတွင် ကင်ဂျုံအန်းနှင့် ထရမ့်သည် ပန်မွန်ဂျုံ၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ရာ ထိုတွေ့ဆုံဆွေးနွေးမှုမှာ ၎င်းတို့၏ ၂၀၁၈ ခုနှစ် ဇွန် စင်ကာပူ တွေ့ဆုံဆွေးနွေးပွဲ ၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ဗီယက်နမ်နိုင်ငံ ဟနွိုင်းတွေ့ဆုံဆွေးနွေးပွဲအပြီး တတိယအကြိမ်မြောက်တွေ့ဆုံဆွေးနွေးပွဲဖြစ်ကြောင်း သိရသည်။

ပန်မွန်ဂျုံတွေ့ဆုံပွဲတွင် ထရမ့်နှင့်ကင်ဂျုံအန်းသည် တောင်-မြောက်ကိုရီးယား စစ်ရေးပိုင်းခြား နယ်စပ်မျဉ်းတွင် သမိုင်းဝင်လက်ဆွဲနှုတ်ဆက်ခဲ့ပြီး ထရမ့်သည် မြောက်ကိုရီးယား နယ်မြေတွင် ခြေချဖူးသည့် ပထမဆုံး တာဝန်ထမ်းဆောင်ဆဲ အမေရိကန် သမ္မတအဖြစ် မြောက်ကိုရီးယား ဘက်အခြမ်း သို့ ခေတ္တခဏဝင်ရောက်ခဲ့ကြောင်း သိရသည်။ ထို့နောက် ထရမ့်နှင့်ကင်ဂျုံအန်းတို့သည် ပန်မွန်ဂျုံ တောင်ကိုရီးယားဘက်အခြမ်းသို့ ပြန်လည်ဝင်ရောက်၍ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်နှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။ ပန်မွန်ဂျုံ တောင်ကိုရီးယားဘက်အခြမ်းရှိ Freedom House တွင် မြောက်ကိုရီးယား-အမေရိကန် နှစ်နိုင်ငံ ဆွေးနွေးမှု တစ်နာရီနီးပါးပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆွေးနွေးပွဲအပြီး သမ္မတထရမ့်က မြောက်ကိုရီးယား-အမေရိကန် နှစ်နိုင်ငံ အလုပ်သဘော တွေ့ဆုံဆွေးနွေးပွဲကို လာမည့် နှစ်ပတ်သုံးပတ်အတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း မီဒီယာများကို ပြောကြားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.