Connect with us

Asia

ပါကစ္စတန်နိုင်ငံတွင် ယာဉ်မတော်တဆမှု ဖြစ်ပွား ၁၈ ဦးသေ ၊ ၃ဝ ကျော် ဒဏ်ရာရ

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ် အဝေးပြေး လမ်းမပေါ်တွင် ခရီးသည်တင်ယာဉ်နှင့် ကုန်တွဲယာဉ်တို့မတော်တဆ တိုက်မှုဖြစ်ပွားအပြီး အပျက်အစီးပုံအား တွေ့ရစဉ် ( ဓာတ်ပုံ - အင်တာနက် )

အစ္စလမ်မာဘတ် ၊ ဧပြီ ၆ ရက် ( ဆင်ဟွာ )

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း၌ ဧပြီလ ၆ ရက်က ခရီးသည်တင်ယာဉ်တစ်စီး နှင့် ကုန်တွဲယာဉ် တစ်စီးတို့မတော်တဆ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၁၈ ဦး သေဆုံးပြီး ၃ဝ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ပြည်တွင်း မီဒီယာ တစ်ခုဖြစ်သည့် Urdu က သတင်းဖော်ပြသည်။

Capital News သတင်းစာ၏ အဆိုအရ ခရီးသည်တင်ယာဉ်သည် ၎င်း၏ မျက်နှာချင်းဆိုင် အရပ်မှ မောင်းနှင်လာသည့် ကုန်တွဲယာဉ်နှင့် နိုင်ငံအရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် အဝေးပြေးလမ်း မပေါ်တွင် မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်း ဖြစ်သည်။

ခရီးသည်တင်ယာဉ်သည် Bhakkar ခရိုင် မှ Mianwali ခရိုင်သို့ဦးတည် မောင်းနှင်လာခြင် းဖြစ်ကြောင်း နှင့် ယာဉ်တိုက်မှု ဖြစ်ပွားပြီးချိန်တွင် တိမ်းမှောက်သွားခဲ့ခြင်းကြောင့် အဝေးပြေး လမ်းပေါ်၌ အများအပြား သေဆုံးဒဏ်ရာ ရစေခဲ့ကြောင်း သတင်းများက ဆိုသည်။ ဒဏ်ရာ ရသူများထဲတွင် အမျိုးသမီးများ နှင့် ကလေးငယ်များ ပါဝင်ပြီး ၎င်းတို့အား နီးစပ်ရာ ဆေးရုံသို့ပို့ဆောင်ထားကြောင်းသိရသည်။ အဆိုပါ ဒဏ်ရာရသူများအနက်မှ အချို့သည် အရေးပေါ် အခြေအနေတွင် ရှိနေကြောင်း သတင်းများက ဆိုသည်။

ပါကစ္စတန် ရဲတပ်ဖွဲ့တာဝန်ရှိသူများက ခရီးသည်တင် ယာဉ်သည် အရှိန်ပြင်းစွာ မောင်းနှင်လာရာမှ ကားအရှိန်မထိန်းနိုင် သဖြင့် ၎င်း၏ မျက်နှာခြင်းဆိုင် ကုန်တွဲယာဉ်ကို တိုက်မိခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။ ပါကစ္စတန်နိုင်ငံတွင် အဝေးပြေးလမ်းများအား ပြုပြင် ထိန်းသိမ်းမှု အားနည်းခြင်း ၊ လမ်းစည်းကမ်း ချိုးဖောက်ခြင်း နှင့် မူးယစ်သောက်စားပြီး မောင်းနှင်ခြင်းများကြောင့် ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားနေသည်။ ပါကစ္စတန် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ အဆိုရ ယာဉ်မတော်တဆမှုများ၏ ၉ဝ ရာခိုင်နှုန်းသည် လူ့အမှားအယွင်းများကြောင့် ဖြစ်ရသည်ဟု သိရသည်။ ( Xinhua )