Asia
ပါကစ္စတန်နိုင်ငံတွင် ရထားတိုက်မှုကြောင့် လူ ၁၀ ဦးသေဆုံး၊ ဒဏ်ရာရသူများရှိ
အစ္စလာမ်မာဘတ်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ရာဟင်ယာခန်းမြို့တွင် ခရီးသည်တင်ရထား တစ်စင်းနှင့် ကုန်တင်ရထားတစ်စင်းတို့ ဇူလိုင်လ ၁၁ ရက် နံနက်ပိုင်းက တိုက်မိကြရာ လူ ၁၀ ဦးသေဆုံးပြီး အခြားလူ ၅၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။
သတင်းများအရ လာဟိုးမြို့အရှေ့ပိုင်းရှိ ကွက်တာမြို့ အနောက်တောင်ဘက်သို့ ဦးတည်သွားသည့် ခရီးသည်တင်ရထားတစ်စင်းနှင့် ကုန်တင်ရထားတစ်စင်းတို့ ပန်ဂျပ်ပြည်နယ် ရာဟင်ယာခန်းမြို့ရှိ ဝေါ်ဟာဘူတာရုံတွင် တိုက်မိခဲ့ခြင်းဖြစ်သည်။
မတော်တဆမှုဖြစ်ပြီးနောက် ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်းရောက်ရှိသွားခဲ့ပြီး ဒဏ်ရာရသူများအား အနီးဝန်းကျင်ရှိ ဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဒဏ်ရာရသူများအနက် အချို့မှာ စိုးရိမ်ဖွယ် အခြေအနေတွင်ရှိသည့်အတွက် သေဆုံးသူအရေအတွက် ထပ်မံမြင့်တက်နိုင်ကြောင်း ဆရာဝန်များက ပြောခဲ့သည်။ (Xinhua)