Connect with us

Asia

ပါကစ္စတန် နိုင်ငံသို့ မူးယစ်ဆေးဝါးများ မှောင်ခိုသွင်းရန် ကြိုးပမ်းသည့် ချက်နိုင်ငံမှ မော်ဒယ် တစ်ဦးအား ထောင်ဒဏ် ၉ နှစ်နီးပါး ချမှတ်

ထောင်ဒဏ်ပြစ်ဒဏ်ချမှတ်ခံရသော ချက်နိုင်ငံမှ မော်ဒယ် Tezera Hluskova အား တွေ့ ရစဉ်(ဓာတ်ပုံ - အင်တာနက်)

အစ္စလာမ်မာဘတ် ၊ မတ် ၂၁ ရက်(ဆင်ဟွာ)

ပါကစ္စတန် နိုင်ငံ လာဟိုး(Lahore)မြို့ရှိ တရားရုံး တစ်ရုံးက ချက်နိုင်ငံမှ မော်ဒယ် အမျိုးသမီးတစ်ဦးကို နိုင်ငံအတွင်းသို့မူးယစ်ဆေးဝါးများ မှောင်ခိုသွင်းရန် ကြိုးပမ်းမှုဖြင့် ထောင်ဒဏ် ၈ နှစ် နှင့် ၈ လ ပြစ်ဒဏ် ချမှတ် အရေးယူခဲ့ကြောင်း ဒေသတွင်း မီဒီယာများက မတ် ၂၀ ရက်တွင် ဖော်ပြခဲ့ကြသည်။

အဆိုပါ မော်ဒယ်အမျိုးသမီး Tereza Hluskova သည် ယခင်နှစ် ဇန်နဝါရီလ နှောင်းပိုင်းက ၎င်း၏ ခရီးဆောင် သေတ္တာအတွင်း ဘိန်းဖြူ ၉ ကီလိုဂရမ်အား ဖုံးကွယ်၍ သယ်ဆောင်ခဲ့သည်ကို လာဟိုးလေဆိပ်၌ ဖမ်းဆီးမိခဲ့ကြောင်း ၊ ၎င်းသည် အိုင်ယာလန် နိုင်ငံသို့မူးယစ်ဆေးဝါး ခိုးသွင်းရန် ကြိုးစားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။

တရားရုံး၌ အမှုအား စီရင်ချက် ချမှတ်ပြီးနောက် မော်ဒယ် Tereza Hluskova သည် လဲကျသွားခဲ့ကြောင်း ၊ ရဲများက ၎င်းအား အမျိုးသမီး အကျဉ်းထောင်သို့ပြောင်းရွှေ့ခဲ့ကြောင်း ရုပ်မြင်သံကြားမှ ရိုက်ကူး ထုတ်လွှင့်ခဲ့သည်။

အဆိုပါ မော်ဒယ် အမျိုးသမီးသည် ပြီးခဲ့သည့်နှစ်က အဖမ်းခံရပြီးနောက်တွင် ၎င်း၏ သင်တန်းနည်းပြမှာလည်း အဖမ်းခံခဲ့ရကြောင်း ၊ မော်ဒယ် Hluskovaသည် အဖမ်းမခံရမီ ၎င်းအကိုဖြစ်သူ၏ သူငယ်ချင်းများနှင့် ပူးပေါင်း၍ ပါကစ္စတန် နိုင်ငံမှ ပြည်ပ နိုင်ငံများသို့မူးယစ်ဆေးဝါးများအား ကြိမ်ဖန်များစွာ မှောင်ခိုမှု ပြုလုပ်ခဲ့ကြောင်းကို သင်တန်းနည်းပြက ထွက်ဆိုခဲ့သည်။

သို့သော်လည်း မော်ဒယ် Hluskova က အဆိုပါ စွပ်စွဲချက်များအား ငြင်းဆိုခဲ့ပြီး သူသည် လာဟိုးမြို့ သို့မော်ဒယ် လုပ်ငန်းအတွက် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း နှင့် တစ်စုံတစ်ယောက်က ၎င်း၏ ခရီးဆောင်အိတ် အတွင်းသို့ ဆေးဝါးများ ထည့်သွင်းလိုက်သည်ကို သတိမထားမိကြောင်း ပြန်လည် ချေပ ပြောဆိုခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.