Asia
ပါကစ္စတန် နိုင်ငံ အနောက်တောင်ပိုင်း တွင် ပြင်းအား ၆.၄ အဆင့်ရှိ ငလျင် လှုပ်ခတ်
အစ္စလာမာဘတ် ၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)
ပါကစ္စတန် နိုင်ငံ အမျိုးသား ငလျင် တိုင်းတာရေး စင်တာ က ဒေသစံတော်ချိန် နံနက် ၃ နာရီ ၃ မိနစ် တွင် ပါကစ္စတန် နိုင်ငံ အနောက်တောင်ပိုင်း ဒေသ ၌ ပြင်းအား ၆.၄ အဆင့်ရှိ သည့် ငလျင် တစ်ခု လှုပ်ခတ် ခဲ့ပြီး နေရာ အများအပြားတွင် ထင်ရှားစွာ တုန်ခါမှု ကို ခံစားခဲ့ရကြောင်း ၊ လက်ရှိချိန်တွင် သေဆုံးဒဏ်ရာရရှိသည့် စာရင်း နှင့် ငွေကြေးဆုံးရှုံးမှု ပိုင်းဆိုင်ရာ စာရင်း မသိရှိရသေးကြောင်း ဖေဖော်ဝါရီ ၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ယခု အကြိမ်ဖြစ်ပွားသည့် ငလျင်သည် Balochistan ပြည်နယ် Pasni မြို့ အနောက်ပိုင်း ၂၃ ကီလိုမီတာ အကွာအဝေး ကို ဗဟိုပြု၍ လှုပ်ခတ် ခဲ့ခြင်း ဖြစ်ပြီး ငလျင် အနက်သည် ၁၀ ကီလိုမီတာ ဖြစ်ကာ ယင်းပြည်နယ် အတွင်းရှိ နေရာ အနှံ့အပြားတွင် တုန်ခါမှု ကို သိသာစွာ ခံစားခဲ့ရကြောင်း ကိုလည်း ထုတ်ပြန် ခဲ့သည်။
ပါကစ္စတန် နိုင်ငံ သတင်းမီဒီယာ များက ငလျင်ဖြစ်ပွားရာနေရာ တွင် ပြည်သူလူထု များ တုန်လှုပ်ခြောက်ခြား ခဲ့ကြပြီး လူအများအပြားသည် အလွန်ချမ်းအေးသည့် ရာတီဥတုတွင် ကွင်းပြင်ရှိရာသို့ ထွက်ပြေးခဲ့ကြကြောင်း ၊ လက်ရှိချိန်တွင် သေဆုံးဒဏ်ရာရရသူ နှင့် ငွေကြေးဆုံးရှုံးမှု စာရင်း မသိရှိသေးကြောင်း ဖော်ပြခဲ့ကြသည်။ (Xinhua)