Connect with us

Asia

ထိုင်းနိုင်ငံတွင် ရေဘေးကြောင့် အလုပ်လက်မဲ့ဖြစ်သွားသူများအား ထောက်ပံ့ကြေးပေးအပ်သွားမည်

ရေကြီးမှုများဖြစ်ပွားနေသည့် ထိုင်းနိုင်ငံတွင်း တစ်နေရာအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံတွင် ရေကြီးမှုကြောင့် အလုပ်ရုံများ ပျက်စီးသွား၍ အလုပ်လက်မဲ့ဖြစ်နေသော အလုပ်သမားများအား ထိုင်းနိုင်ငံလူမှုဖူလှုံရေးဋ္ဌာန က ထောက်ပံ့ကြေးပေးအပ်သွားမည်ဖြစ်ကြောင်း ဋ္ဌာန၏ အတွင်းရေးမှူးချုပ် Suradej Waleeittikul က ဖေဖော်ဝါရီ ၈ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ရေကြီးမှုကြောင့် အလုပ်သမားထောင်ပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။

ရေဘေးသင့်မှုကြောင့် အလုပ်ရှင်များက လစာမပေးနိုင်သည့်အတွက် အလုပ်လက်မဲ့ဖြစ်သွားသော အလုပ်သမားများအား လူမှုဖူလှုံရေးခံစားခွင့်ခေါင်းစဉ်ဖြင့် လူမှုဖူလှုံရေးဋ္ဌာနက ထောက်ပံ့ကြေးများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း Suradej ကပြောကြားခဲ့သည်။

ထောက်ပံ့ကြေးပမာဏသည် အလုပ်သမားများ တစ်ရက်လုပ်ခ၏ တစ်ဝက်ရှိပြီး အများဆုံး ရက်ပေါင်း ၁၈၀ အထိ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် သဘာဝဘေးအန္တရာယ်ဒဏ်ခံရသူများအား ယခုကဲ့သို့ ထောက်ပံ့ကြေးပေးအပ်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတောင်ပိုင်း တွင် ဇန်နဝါရီလ က ရေကြီးမှုကြောင့် ရွာသား ၇၈ဦးသေဆုံးခဲ့ပြီး လူဦးရေ ၁သန်းကျော် ရေဘေးသင့်ခဲ့ရကြောင်း၊ အုန်း နှင့် ရာဘာစိုက်ခင်း များလည်း ပျက်စီးဆုံးရှုံးခဲ့ရကာ လူတချို့ကို ကုန်းမြင့်ဒေသများသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရေဘေးသင့်ဒေသများတွင် ကမ္ဘာကျော် ခရီးသွားဆွဲဆောင်မှုနေရာများဖြစ်သည့် ဖူးခက်၊ ခရာဘီ နှင့် ဆူရက်ဋ္ဌာနီ တို့ပါဝင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.