Connect with us

Asia

ပါကစ္စတန် နိုင်ငံ အနောက်တောင်ပိုင်း တွင် ပြုလုပ်သည့် နိုင်ငံရေး စုဝေးပွဲ တစ်ခု တွင် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား အနည်းဆုံး လူပေါင်း ၁၂၈ ဦး သေဆုံး

ပါကစ္စတန် နိုင်ငံ အနောက်တောင်ပိုင်း တွင် ဖြစ်ပွား သည့် အသေခံ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူ အား ဆေးရုံ သို့ ပို့ဆောင်နေစဉ်(ဆင်ဟွာ)

အစ္စလာမ်မာဘတ် ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

ပါကစ္စတန် နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ် တွင် ဇူလိုင်လ ၁၃ ရက်နေ့ ၌ နိုင်ငံရေး စုဝေးပွဲ တစ်ခု ကျင်းပ ပြုလုပ်နေစဉ် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ ဇူလိုင်လ ၁၄ ရက် နံနက်ချိန် အထိ လူပေါင်း အနည်းဆုံး ၁၂၈ ဦး သေဆုံး ခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ် အစိုးရ ၏ ထုတ်ပြန်ကြေညာချက် အရ သိရှိရသည်။

Balochistan ပြည်နယ် အစိုးရ အရာရှိ တစ်ဦး က သတင်းမီဒီယာ များအား အသေခံ ဗုံးခွဲတိုက်ခိုက်မှု သည် ဇူလိုင် ၁၃ ရက် ညနေပိုင်း အချိန်တွင် ဖြစ်ပွား ခဲ့ကြောင်း ၊ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူများအား ဒေသတွင်းရှိ ဆေးရုံ အသီးသီး သို့ ဆေးဝါး ကုသရန် ပို့ဆောင်ပေး ခဲ့ပြီး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဒေသတွင်း သတင်းမီဒီယာ ၏ ဖော်ပြချက်အရ ဇူလိုင်လ ၁၃ ရက်နေ့ ညနေပိုင်း အချိန်တွင် Balochistan ပြည်သူ့ ပါတီ က Mastung ဒေသတွင် စုဝေးပွဲ တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့ကြောင်း ၊ စုဝေးပွဲ သို့ ပါတီ ခေါင်းဆောင် တစ်ဦး ၏ ကား ရောက်ရှိချိန်တွင် အသေခံ ဗုံးဖောက်ခွဲသူ တစ်ဦး က အနီးကပ် ဗုံးခွဲ တိုက်ခိုက်မှု ဆောင်ရွက် ခဲ့သဖြင့် သေဆုံးဒဏ်ရာရရှိမှု အများအပြား ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။

အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား ပြီးနောက် အစွန်းရောက် အဖွဲ့အစည်း တစ်ခု ဖြစ်သည့် IS က ဗုံးခွဲ တိုက်ခိုက်မှု အား ၎င်းတို့ အဖွဲ့အစည်း မှ ဆောင်ရွက် ခဲ့ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။ထို့ပြင် ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက် အရ ဇူလိုင် ၁၃ ရက်နေ့ နံနက်ပိုင်း အချိန်တွင်လည်း ပါကစ္စတန် နိုင်ငံ အနောက်တောင်ပိုင်း Khyber Pakhtunkhwa ပြည်နယ် တွင် နိုင်ငံရေး ပါတီ ခေါင်းဆောင် တစ်ဦး က ဦးတည်သည့် တိုက်ခိုက်မှု တစ်ခု ဖြစ်ပွား ခဲ့ပြီး အနည်းဆုံး လူ ၄ ဦး သေဆုံး ကာ ၃၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ပါကစ္စတန် နိုင်ငံ တွင် ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့ တွင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.