Asia
ဖိလစ်ပိုင်တောင်ပိုင်း၌ ပြင်းအား ၅.၂အဆင့်ရှိ ငလျင်လှုပ်ခတ်

မနီလာ၊ ဇွန် ၆ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းအတွင်းရှိ Sultan Kudaratပြည်နယ်၌ ဇွန် ၆ ရက်က ပြင်းအား ၅.၂အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း ဖိလစ်ပိုင်နိုင်ငံ မြေငလျင်ပညာအသင်းအဖွဲ့ထံမှ သိရသည်။
Palimbangမြို့ အရှေ့မြောက်ဘက် ၁၇ ကီလိုမီတာခန့်တွင် အနက် ၄၇၀ ကီလိုမီတာရှိ ငလျင်တစ်ခုသည် ဒေသစံတော်ချိန် ၄နာရီ ၄၁မိနစ်တွင် လှုပ်ခတ်သွားကြောင်း သိရသည်။
ငလျင်က ကမ္ဘာ့မြေကြီးအပေါ်ယံလွှာတွင် လှုပ်ခတ်ပြီး Cagayan de Oroမြို့တွင်လည်း ခံစားခဲ့ရကြောင်း သိရသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်၊ဒဏ်ရာရရှိသူမရှိကြောင်း သိရသည်။
နောက်ဆက်တွဲ ငလျင်များထပ်မံလှုပ်ခတ်နိုင်ကြောင်း မြေငလျင်ပညာအသင်းအဖွဲ့က ဆိုသည်။
ငလျင်သည် ၅.၅ အဆင့်ပြင်းအားရှိကြောင်း အမေရိကန် ဘုမိဗေဒပညာရှင်များက ပြောခဲ့သည်။(Xinhua)